Pages

Friday, July 18, 2014

၁၉၄၇ ခုနှစ် ပင်လုံညီလာခံ (1947 Panglong Conference of Burma)





ပင်လုံညီလာခံ နှင့် ပင်လုံစာချုပ် (Panglong Conference and Panglong Agreement)

 ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သည် ဆာမောင်ကြီး၊ ဦးတင်ထွဋ်၊ ဦးအောင်ဇံဝေ၊ ဗိုလ်ခင်မောင်ကလေး၊ သခင်ဝတင်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မင်းလွင်၊ ဦးကိုကိုလေး၊ မြို့မဦးသန်းကြွယ်၊ ဒေါက်တာ စိန်မြမောင်၊ ဗိုလ်သိမ်းဆွေ၊ ဦးတင်ညွန့်၊ ဦးမောင်မောင်စသော မြန်မာပြည်မခါင်းဆောင်ကိုယ်စားလှယ်များ နှင့်အခြားတိုင်းရင်းသား ခေါင်းဆောင်ကိုယ်စားလှယ်များ နှင့် အတူ ပင်လုံညီလာခံ တွင် ဦးဆောင် ခဲ့သည်။  မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စဝ်ဖများအားလုံးတို့အပြင်ရှမ်းပြည်နယ်များ၊ကချင်တောင်တန်းဒေသများနှင့်ချင်းတောင်တန်းဒေသတို့မှ 

တိုင်းရင်းသားခေါင်းဆောင်တို့ တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် ...ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည်လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။
    (၁)တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) ၏ ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တစ်ဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

 (၂)ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင်တစ်ဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင် ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ် ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။
    (၃)အဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်ကိုင်းနှင့်လူမျိုးချင်းမတူသောဒုတိယအတိုင်ပင်ခံနှစ်ဦးကကူညီစေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည်ゞင်းတို့အသီးသီးသက်ဆိုင်သည့်နယ်များ ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြား နယ်စပ်ဒေသအားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ゞင်းတို့သည် ထုံးနည်းဥပဒေအရ တွဲဖက် တာဝန် ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။

 (၄)အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေရမည်။
 
(၅)အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြ စ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင် အုပ်ချုပ်ရေးကို မည်သည့် နည်းနှင့်မဆို တစုံတရာလက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ။နယ်စပ်ဒေသများအတွက်နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးရာခိုင်နှုန်း အပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။

  (၆)ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တခုနယ်နိမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်းဤကဲ့သို့

သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက်အထ မြောက်ရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရအက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း ၂ ဒေသများကဲ့သို့ မြစ်ကြီးနားနှင့်ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင်နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်အားဆွေးနွေးတိုင်ပင်ရမည်။

    (၇)နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိ အမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။
 
(၈)ဤစာချုပ်တွင် သဘောတူကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခု အပ်နှင်းထားပြီးသော ဘဏ္ဍဍာရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်း မရှိစေရန်။
    (၉)ဤစာချုပ်တွင်သဘောတူညီကြသည့်အစီအစဉ်မှာမြန်မာပြည်အခွန်တော်ငွေများမှကချင် တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များကရသင့်ရထိုက်သောဘဏ္ဍဍာရေးအကူအညီကို

ထိခိုက်ခြင်းမရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍဍာရေးအစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူအစီအစဉ်များကို ထားရှိ ကျင့်သုံးရန် ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။



မြန်မာနိုင်ငံတော်အစိုးရ

    (ပုံ)

အောင်ဆန်း ၁၂-၂-၄၇

    ကချင်ကော်မတီ
    (ပုံ)

ဆမားဒူးဝါး ဆင်ဝါးနောင် မြစ်ကြီးနား

    (ပုံ)

ဇော်ရစ် မြစ်ကြီးနား

    (ပုံ)

ဒိန်ရတန် မြစ်ကြီးနား

    (ပုံ)

ဇော်လ ဗန်းမော်

    (ပုံ)

ဇော်လွန်း ဗန်းမော်

    (ပုံ)

လဗန်းဂရောင်း ဗန်းမော် ချင်းကော်မတီ

    (ပုံ)

ဦးလွှာမှုန်း အေတီအမ်။ အိုင်တီအက်(စ်)အမ်၊ ဖလမ်း။

    (ပုံ)

ဦးသောင်ဇာခပ် အေတီအမ်၊ တီးတိန်။

    (ပုံ)

ဦးကွယ်မန်း အေတီအမ်၊ ဟားခါး။ ရှမ်းကော်မတီ

    (ပုံ)

ခွန်ပန်းစိန် တောင်ပိုင်းစဝ်ဖလုံ

    (ပုံ)

စဝ်ရွှေသိုက် ညောင်ရွှေစဝ်ဖလုံ

    (ပုံ)

စဝ်ဟုံဖ မြောက်ပိုင်းသိန္နီစဝ်ဖလုံ

    (ပုံ)

စဝ်နွံ လဲချားစဝ်ဖလုံ

    (ပုံ)

စဝ်စံထွန်း မိုင်းပွန်စဝ်ဖလုံ

    (ပုံ)

စဝ်ထန်းအေး သာမိုင်းခမ်းစဝ်ဖလုံ

    (ပုံ)

ဦးဖြူ သထုံစဝ်ဖလုံ၏ ကိုယ်စားလှယ်

    (ပုံ)

ခွန်းဖုံး မြောက်ပိုင်းသိန္နီ

    (ပုံ)

ဦးတင်ဧ

    (ပုံ)

ဦးထွန်းမြင့်

    (ပုံ)

ဦးကြာပု

    (ပုံ)

ဦးခွန်စော

    (ပုံ)

စဝ်ရစ်ဖ

    (ပုံ)

ဦးခွန်ထီး


Arthur Bottomley and General Aung San at Panglong Conference (1947)
‘ပင်လုံစာချုပ်’ သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဂုဏ်ဒြပ်ကို ထည်ဝါခန့်ညားစေခဲ့သည် သာမက တိုင်းရင်းသားတို့သွေးစည်းညီညွတ်ခြင်း၏ ကွယ်ဝှတ်၍ မရသော အမှတ်သင်္ကေတလည်း ဖြစ်သည်။ ထို့သို့ကြီးမားသော ဂုဏ်ဒြပ်ရှိပြီးလျှင် တိုင်းရင်းသားအားလုံး တို့၏ သွေးစည်းညီညွတ်ရာ သင်္ကေတဖြစ်သော ‘ပင်လုံစာချုပ်’ သည် မည်သည့် အတွက်ကြောင့် ဖြစ်ပေါ်လာခဲ့သနည်း။ မည်သို့ ကြိုးပမ်းခဲ့ကြရသနည်း။ ပင်လုံစာချုပ်ပါအတိုင်း တိုင်းရင်းသားပြည်သူတရပ်လုံး ရရှိခံစားနေရပြီလော စသည့်အကြောင်းအခြင်းရာ များကို ကျွန်ုပ်တို့ ပြန်ပြောင်းလေ့လာကြည့်ကြပါစို့။
အချိန်ကား လွန်ခဲ့သော ၆၆ နှစ်တာကာလ။ အတိအကျဆိုရသော ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ။
နေရာမှ ရှမ်းပြည်နယ်တောင်ပိုင်းလဲချားစော်ဘွားအပိုင် နယ်အတွင်းရှိ ပင်လုံမြို့ကလေးတွင် ဖြစ်၏။ စင်စစ်ပင်လုံဟု နှုတ်ကျိုးခေါ်ဝေါ်နေ သော်လည်း ရှမ်းဘာသာစကားဖြင့် ‘ပန်လုံ’ ဟု ခေါ်၍ ‘လွင်ပြင်ကြီး’ ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ပန်လုံ ခေါ် ပင်လုံ သည် လွင်ပြင်မြို့ ဟု အနက်ပေးသော်ရသည်။

ထိုလထိုရာသီတွင် ရှမ်းပြည်နယ်၏ ရာသီဥတုအအေးဒဏ်မှာ ခိုက်ခိုက်တုန်အောင် ရှိလှသည်။ ဤမျှအေးမြနေသော ရာသီတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းတို့မှာ ရှမ်းစော်ဘွား၊ မြို့စားများနှင့် ရုမ်းလုထုခေါင်းဆောင်များတို့သည် လည်းကောင်း၊ ဝေးလံသီခေါင်လှသော တောင်တန်း ကြီးများမှ ချင်းအမျိုးသားခေါင်းဆောင်များသည်လည်းကောင်း၊ မြန်မာပြည်မြောက်များမှ ကချင်အမျိုးသား ဒူးဝါးကြီးများသည်လည်းကောင်း တက်ရောက်ခဲ့သည်။

၁၉၄၇ ခုနှစ် ပင်လုံညီလာခံ တွင် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ဆာမောင်ကြီး၊ ဦးတင်ထွဋ်၊ ဦးအောင်ဇံဝေ၊ သခင်ဝတင်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မင်းလွင်၊ ဦးကိုကိုလေး၊ မြို့မဦးသန်းကြွယ်၊ ဒေါက်တာ စိန်မြမောင်၊ ဗိုလ်သိမ်းဆွေ၊ ဦးတင်ညွန့်၊ ဦးမောင်မောင် စသော မြန်မာပြည်မ ကိုယ်စားလှယ်များ သည် လည်းကောင်း တက်ရောက်ခဲ့ကြသလို၊ ဗြိတိသျှတို့ဘက်မှ ဒိုမီနီယန်အတွင်း ဝန်ကလေး ဘော့တွမ်လေ(Arthur Bottomley)၊ မစ္စတာ လက်ဝဒ်ခ်ျ (Mr. W.B.T.Leduidge)၊ ဂျွန်လေဒင် အမှူးသော အရာရှိကြီးများနှင့် တောင်တန်းဒေသ မင်းကြီး မစ္စတာ စတီဗင်ဆင်တို့လည်းတက်ရောက်ခဲ့ကြသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့မှ ဖဒိုဝိရီကျော်၊ သထုံဦးလှဖေ၊ စောစံကေးနှင့် ဦးချစ်တီး တို့လ့လာသူ အဖြစ် တက်ရောက်ခဲ့သည်။


ဤသို့ စုဝေးရောက်ရှိနေကြခြင်းမှာ အခြားမဟုတ် တိုင်းရင်းသားညီအစ်ကိုများ ဖြစ်ကြသည့် ရှမ်း၊ ကချင်၊ ချင်း၊ ကရင် စသော တိုင်းရင်းသားခေါင်ဆောင်များနှင့် မြန်မာပြည်မမှ လူထုခေါင်းဆောင်ဗိုလ် ချုပ်အောင်ဆန်းတို့သည် အချင်းချင်း အရေးကြီးကိစ္စတရပ်အတွက် တွေ့ဆုံးဆွေးနွေးရန် ရောက်ရှိလာခြင်း ဖြစ်သည်။ အရေးကြီးကိစ္စဆိုသည်မှာလည်း အခြားမဟုတ်။ “မြန်မာပြည်လွတ်လပ်ရေးပေးလျှင် ရှမ်း၊ ကချင်၊ ချင်း၊ ကရင် စသော တိုင်းရင်းသားတို့ကလည်း မြန်မာပြည်မနှင်အတူတကွ ပူးပေါင်းနေလိုသည်၊ မနေလိုသည်ကို စဉ်းစားစဉ်းဖြတ်ကြရန်” ကိစ္စပင် ဖြစ်သည်။ ဤသို့ဆွေးနွေးမှ ကိစ္စပြတ်ရမည့် နောက်ခံသမိုင်းကြောင်းကလည်း ရှိနေပါသည်။ ထိုနောက်ခံသမိုင်းကြောင်းကား။

ဖက်ဆစ်ဂျပန်တို့ကို တိုင်းရင်းသားပြည်သူတရပ်လုံးက ရာဇဝင်ပြောင်မြောက်စွာ ၁၉၄၅ မတ်လ ၂၇ ရက်တွင် တော်လှန်တိုက်ခိုက်ပြီးနောက် မေလ ၁ ရက်နေ့တွင် မျိုးချစ်ဗမာ့တပ်မတော်သည် ရန်ကုန်မြို့ကို သိမ်းပိုက်လိုက်သည်။ မေလ ၃ ရက်နေ့တွင် အမှတ် (၂၆) ဗြိတိသျှ အိန္ဒိယတပ်မှ တပ်မဟာသည် ညအချိန်တွင် လှိုင်မြစ်ကို ဖြတ်ကာ ရန်ကုန်သင်္ဘောဆိပ်သို့ ဝင်ရောက်လာသည်။ ထို့နောက် ၁၉၄၅ မေလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ကို မဟာမိတ်တပ်များ သိမ်းပိုက်ပြီးနောက် ဗြိတိသျှနယ်ချဲ့ အုပ်ချုပ်ရေးပြန်လည် ခြေကုတ်ယူရန် အပူတပြင်း ပြင်ဆင်ပါတော့သည်။ ချီကတည်းက ယဉ်သကို ဆိုသကဲ့သို့ ထိုနေ့မှာပင် မြို့ပြအရာရှိအချို့က အာရှအရှေ့တောင်ပိုင်း မဟာမိတ်စစ်သေနာပတိချုပ်မောင်ဘက်တန်အား ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့) ကို မတရားအသင်း ကြေညာရန်နှင့် ဗိုလ်ချုပ်အောင်ဆန်းကို စစ်ရာဇဝတ်ကောင်တစ်ဦးအနေဖြင့် ဖမ်းဆီးချုပ်နှောင်ထားရန် တိုက်တွန်း အရေးဆိုလေသည်။

ယင်းနောက် မကြာမီမှာပင် ဗြိတိသျှတို့သည် “မြန်မာပြည်ကို မည်သို့ စီမံအုပ်ချုပ်မည်” ဟူသောကြေညာစာတမ်းတစ်စောင်ကို ထုတ်ပြန်ကြေညာလိုက်လေသည်။ ယင်းစီမံကိန်းစာတမ်းကို “စက္ကူဖြူစီမံကိန်း” ဟု ခေါ်ကြလေသည်။ ယင်းစီမံကိန်းအရ မြန်မာပြည်အား မတတ်သာ၍ လွတ်လပ်ရေးပေးရလျှင် သော်မှ တောင်တန်းဒေသများကို ချန်လှပ်ထားပြီး ဗြိတိသျှတို့ အကျိုးစီးပွားအတွက် ဆက်လက် သိမ်းပိုက်ထားနိုင်ရန်ပင် ဖြစ်သည်။

အဆိုပါစက္ကူဖြူစာတမ်းပါအချက်အလက်များကို ၁၉၄၅ ဇွန် ၁ တွင် ဗြိတိသျှပါလီမန်၌ စတင်၍ အခြေအတင်ဆွေးနွေးကြသည်။ ယင်းသို့ ဆွေးနွေးရာ၌ ဗြိတိသျှအစိုးရ၏ကိုယ်စားလှယ် အိန္ဒိယနှင့်မြန်မာပြည်ဆိုင်ရာ ကိုလိုနီအတွင်းဝန်ကလေး မစ္စတာအေမာရီနှင့် လေဘာပါ တီအမတ် မစ္စတာဘာစတက်ဖို့ကရစ်တို့က ဦးဆောင်ဆွေးနွေးကြသည်။ အေမာရီက Tribal Areas ဟု ခေါ်ဆိုသော တောင်တန်းနယ်များနှင့် ပတ်သက်၍ -
“မြန်မာပြည်ကို ဒိုမိုနီယံအုပ်ချုပ်ရေးအဆင့်သို့တိုးမြှင့်ပေးရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သို့သော်လည်း တောင်တန်းဒေသနှင့် ရှမ်းပြည်နယ်စသည်တို့ကို မူကားအထူးရွေးချယ်ခန့်ထားသော အုပ်ချုပ်ရေးအရာရှိများက အထူးဒေသများအဖြစ်ဖြင့် မြန်မာပြည်မနှင့် ပူးပေါင်းဆောင်ရွက်သင့်မည့်အချိန်အထိ ချန်လှပ် ထိန်းသိမ်းထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့မဟုတ် ယင်းအထူးဒေသများရှိလူမျိုးးတို့က မြန်မာပြည်မနှင့် လိုလိုချင်ချင်ပူးတွဲဆောင်ရွက်လိုသော အချိန်အထိအုပ်ထိန်းထားမည်ဖြစ်ကြောင်း”
ဟု ဖွင့်ဟပြောကြားသွားလေသည်။

 ဗြိတိသျှတို့အဖို့အပြောနှင့် အလုပ်ဘက်ညီအောင် အတော်ချိန်ဆ ဆောင်ရွက်နေရပုံရှိလေသည်။ စစ်ကြီးအတွင်းက ကမ္ဘာသိကြေညာခဲ့သော အတ္တလန်တိတ်စာချုပ်နှင့် ယော်လတာ စာချုပ်များတွင် ဝန်ခံတားချက်အရ ဖက်ဆစ်တို့အား စွမ်းစွမ်းတမံခုခံတိုက်ခိုက်ခဲ့သော လူမျိုးတို့အား ကိုယ်ပိုင်အုပ်ချုပ်ရေးပေးပါမည်ဟု ဝန်ခံခဲ့သည်။ ယင်းဝန်ခံကတိပြုချက်အတိုင်း ဖက်ဆစ်ဂျပန်တို့ကို မောင်းထုတ်ခဲ့သော မြန်မာတို့အား ကိုယ်ပိုင်အုပ်ချုပ်ရေးမျှမပေးလျှင် ဗြိတိသျှတို့ အစိုးရသည် ကမ္ဘာ့အလယ်တွင် ရှက်ဖွယ် လိလိဖြစ်ရချေတော့မည်။

ဤအခြေအနေတွင် ဗြိတိသျှတို့က ကမ္ဘာ့အလယ် အရှက်တကွဲမဖြစ်စေရန် မြန်မာတို့ကို သူတို့လိုလားသော ကိုယ်ပိုင်အုပ်ချုပ်ရေးပေးကြောင်း ကြေညာပေးရန်သာရှိသည်။ သို့ရာ “ယင်းကြေညာချက် တွင် တောင်တန်းဒေသများ မပါပါ” ဟု ပညာသားပါပါ ဖယ်ထုတ်ထားသည်။
ဤအခြေအနေတွင် “ချက်ကနဲဆို နားခွက်က မီးတောက်” သကဲ့သို့ အကင်းပါးနပ်စွာ သိနားလည်သော ဗိုလ်ချုပ်အောင်ဆန်းက “မြန်မာတို့သည် ဒိုမီနီယံကို စိတ်မျှပင် မကူး၊ လုံးဝကိုယ်ပိုင် လွတ်လပ်ရေးကိုသာ လိုချင်ကြောင်း၊ မြန်မာ့လွတ်လပ်ရေး ဟုဆိုရာ၌ တောင်တန်းနယ်များ မပါဝင်သော လွတ်လပ်ရေးသည် အဓိပ္ပါယ်မရှိ” ဟူ၍ လူထုဟောပြောပွဲတွင် အတိအလင်းထုတ်ဖော်ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မိမိတပ်ကို မိမိလုံခြုံအောင် ကွပ်ကဲထား၏။ မြန်မာပြည် တောင်ဖျားမှ မြောက်ဖျားအထိ လှည်းနေ လှေအောင်း၊ မြင်းစောင်းမကျန်မြို့နယ်၊ ကျေးရွာ မှန်သမျှတွင် ဖတပလအဖွဲ့နှင့် အသင်းအဖွဲ့များအားလုံး အသီးသီးဖွဲ့စည်းတည်ထောင်ပြီး ဖြစ်နေလေသည်။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုကြီးသည် အရှိန်အဟုန်ပြင်းစွာဖြင့် လူထုကျုပ်ရှားမှုများ၊ စည်းရုံးလှုံ့ဆော်မှုများကို အဆက်မပြတ်ဆောင်ရွက်လျက်ရှိမည်။

ထိုအခါ ဗြိတိသျှနယ်ချဲ့တို့၏ နိုင်ငံရေးနှင့်စီးပွားရေးအရ ပြန်လည် ဖိနှိပ်ချုပ်ခြယ်မှုများကို သိမြင်လာကြသော တိုင်းရင်းသားပြည်သူတရပ်လုံးသည် တပြည်လုံးအတိုင်းအတာဖြင့် ဆန္ဒပြကန့်ကွက် ပွဲကြီးများကို ကျင်းပခဲ့လေသည်။ ၁၉၄၅ သြဂုတ်လ ၁၆ မှ ၁၈ ရက်နေ့အထိ ဖတပလ အဖွဲ့ ချုပ်တည်ရှိရာ အမှတ် (၈)ကိုယ့်မင်းကိုယ်ချင်းလမ်းရှိအဆောက်အဦ( ယခုပန်းချီ ပန်းပု အနုပညာပြခန်း) တွင် ဖတပလ က မြန်မာနိုင်ငံရေးခေါင်းဆောင်များကို ဖိတ်ခေါ်၍ နိုင်ငံခေါင်းဆောင်များ စတုတ္ထအစည်းအဝေးကို ကျင်းပခဲ့ကြသည်။ အစည်းအဝေးတွင် -

(က) ကမ္ဘာစစ်ကြီးပြီးဆုံးခြင်းနှင့် ပတ်သက်၍ မြန်မာပြည်၏ သဘောထား။
(ခ) မြန်မာ့တပ်မတော်နှင့် ပတ်သက်သော သဘောထား။
(ဂ) နိုင်ငံအုပ်ချုပ်ရေးနှင့် ပတ်သက်သော သဘောထား။
(ဃ) နိုင်ငံစည်းလုံးရေးနှင့် ပတ်သက်၍ မည်ကဲ့သိုက ဆောင်ရွက်ရန် – စသည်တို့ကို ဆွေးနွေးဆုံးခဲ့ကြသည်။
တဖန် သြဂုတ်လ ၁၉ ရက်နေ့တွင်လည်း ဖတပလအဖွဲ့ ချုပ်ကြီးက ဦးစီး၍ ရန်ကုန်မြို့ ကန်တော်ကြီးစောင်းရှိ နေသူရိန်ပြဇာတ်ရုံတွင် ပြည်သူတစ်သိန်းကျော် တက်ရောက်သော ပြည်သူ့အစည်းအဝေးပွဲကြီး တရပ်ကျင်းပ၍ မြန်မာပြည်တပ်မတော်အဆို၊ တိုင်းပြည်ပြုလွှတ် တော်အဆို၊ မြန်မာပြည် တပြည်လုံး ညီညွတ်ရေးအဆိုတို့ကို တင်သွင်းဆုံးဖြတ်ခဲ့သည်။

၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများသာမက ပုလိပ်အမှုထမ်းများ၊ အစိုးရအမှုပေါင်းစုံ ပါဝင်သည့် ပြည်လုံးကျွတ် အထွေထွေ သပိတ်ကြီးပေါ်ပေါက်၍ လုံးဝလွတ်လပ်ရေးကို တောင်းဆိုခဲ့ကြသည်။ မြန်မာ့သမိုင်းတွင် မကြုံဖူးသော အထွေထွေသပတ်ကြီးပင် ဖြစ်သည်။

ထိုစဉ်အတွင်းမှာပင် စက်တင်ဘာလ ၂၆ ရက်တွင် ရေဝန်ရုံးဝန်ထမ်းများ သပိတ်မှောက်ရာတွင် ကျန်ရစ်ခဲ့သော ကုန်တင်ကုန်ချ အလုပ်သမား ၁၅၀၀ ကျော်တို့က အထွေထွေသပိတ်ကြီးကို ကူညီသောအားဖြင့် သပိတ်ထပ်မှောက်ခဲ့ရာ ဗြိတိသျှအုပ်ချုပ်ရေး ယန္တရားကြီးလုံးဝ ရပ်ဆိုင်းသွားတော့သည်။
ထို့နောက် မြန်မာနိုင်ငံဘုရင်ခံ ဆာဟူးဘတ်ရန့်စ် သည် ဖဆပလအား  အသိအမှတ်ပြု၍၊ ဗိုလ်ချုပ်အောင်ဆန်းအား ဖိတ်ခေါ်ဆွေးနွေးကာ ဘုရင်ခံ အမှုဆောင်ကောင်စီအဖွဲ့ကို ဖွဲ့စည်းစေခဲ့သည်။  

ဘုရင်ခံ အမှုဆောင်ကောင်စီအဖွဲ့ဝင် (၁၀) ဦးမှာ -

(၁) ဗိုလ်ချုပ်အောင်ဆန်း (ဖဆပလ) – ဒုတိယ ဥက္ကဋ္ဌ၊ ကာကွယ်ရေးနှင့် ပြည်ပရေးရာဌာန၊
(၂) သခင်မြ (ဖဆပလ) (ဆိုရှယ်လစ်) – ပြည်ထဲရေးနှင့် တရားရေးဌာန၊
(၃) ဦးဘဘေ (ဖဆပလ) – ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဌာန၊
(၄) ဦးသိန်းဖေ (ဖဆပလ) (မကပ) – လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလတ်စီးပွားရေးဌာန၊
(၅) မန်းဘခိုင် (ဖဆပလ) – စက်မှုလက်မှုနှင့် အလုပ်သမားဌာန၊
(၆) ဦးအောင်ဇံဝေ (ဖဆပလ) – လူမှုဝန်ထမ်းဌာန၊
(၇) ဂဠုန်ဦးစော (မျိုးချစ်ပါတီ) – ပညာရေးနှင့်အမျိုးသားစီမံကိန်းဌာန၊
(၈) ဦးတင်ထွဋ် (တစ်သီးပုဂ္ဂလ) – ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန၊
(၉) သခင်ဗစိန် (တို့ဗမာအစည်းအရုံး) – သယ်ယူပို့ဆောင်နှင့် လမ်းပန်းဆက်သွယ်ရေးဌာန၊
(၁၀) ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး – ပြန်ကြားရေးဌာန တို့ဖြစ်သည်။
၁၉၄၆ ခုနှစ်ဒီဇင်ဘာလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံဘုရင်ခံ ဆာဟူးဘတ်ရန့်စ်က ဘုရင်ခံ၏အမှုဆောင်ကောင်စီ အစည်းအဝေးတွင် ဗြိတိလျှအစိုးရက မြန်မာကိုယ်စားလှယ်အဖွဲ့ကို အင်္ဂလန်ပြည် လန်ဒန်မြို့သို့လာရောက်ဆွေးနွေးရန် ဖိတ်ခေါ်ကြောင်းတင်ပြခဲ့သည်။

ထို့နောက် ၁၉၄၇ ဇန်နဝါရီ ၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ လန်ဒန်မြို့သို့ ထွက်ခွာခဲ့သည်။ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အမှတ်(၁၀) ဒေါင်းနင်းလမ်း ဗြိတိသျှဝန်ကြီးချုပ်ရုံး၌ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှအစိုးရကိုယ်စားလှယ်တို့ စတင်ဆွေးနွေးခဲ့ကြသည်။ ထိုသို့ တောင်တန်းဒေသအပါအဝင် တပြည်လုံး .. လွတ်လပ်ရေးအတွက် ဆွေးနွေးနေစဉ်အတွင်း ဗြိတိသျှတို့၏ ကြိုးဆွဲရာက နေရသော ရှမ်းပြည်နယ်စော်ဘွားကောင်စီအဖွဲ့ဝင်အချို့က ဗိုလ်ချုပ်အောင်ဆန်းသည် စော်ဘွားများ၏ ကိုယ်စားလှယ်မဟုတ်။ တောင်တန်းနယ်များ၏ကိစ္စကို ဆွေးနွေးရန်ရှမ်းစော်ဘွားများကိုသီးသန့်ဖိတ်ကြားရန် ကြေးနန်စာ တစ် စောင် ဇန်နဝါရီလ ၂၁ ရက်တွင် ပေးပို့ခဲ့သည်။ အဆိုပါကြေးနန်းစာကြောင့်ဆွေးနွေးပွဲ မပြေမလည်ဖြစ်ကာ ခေတ္တရပ်ဆိုင်းလိုက်ရသည်။

 ဗြိတိသျှတို့၏ ခြေထိုးမှုကို သိသောရှမ်းပြည်နယ်မှ ရှမ်းပြည်နယ်လွတ်လပ်ရေးအဖွဲ့(ရပလ)မှ ဦးတင်အေး၊ ဦးထွန်းမြင့်၊ ဦးဖေခင်၊ ဦးခွန်စော၊ စသောလူငယ်များက တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်လူထုအစည်အဝေးကြီးကို ခေါ်ယူကျင်းပပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ၎င်းကိုယ်စား လှယ်အဖွဲ့သည် ရှမ်းပြည်နယ်လူထု၏ ကိုယ်စားလှယ်အစစ်အမှန်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချကာ လန်ဒန်ရှိ ဗိုလ်ချုပ်အောင်ဆန်း ထံသို့လည်းကောင်း၊ ဗြိတိသျှဝန်ကြီးချုပ် အက်တလီထံသို့လည်းကောင်း၊ ရန်ကုန် ဖဆပလအဖွဲ့ချုပ်သို့လည်းကောင်း ဗိုလ်ချုပ်အောင် ဆန်းကို ထောက်ခံသောကြေးနန်းရိုက် အကြောင်းကြားခဲ့သည်။

ထို့ကြောင့်ဆွေးနွေးပွဲပြန်လည်စတင်ကာ ၁၉၄၇ ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၀ မိနစ် တိတိတွင် ကမ္ဘာကျော်လိပ်စာတစ်ခုဖြစ်သော လန်ဒန်မြို့အမှတ် ၁၀၊ ဒေါင်းနင်းလမ်းရှိ ဗြိတိသျှဝန်ကြီးချုပ်ရုံး၌ အချက် ၁၀ ချက်ပါ အောင်ဆန်း အက်တလီ စာချုပ်ကို တရားဝင်လက်မှတ် ရေးထိုးနိုင်ခဲ့သည်။

ဤသို့လက်မှတ်ရေးရာတွင် မြန်မာကိုယ်စားလှယ်အဖွဲ့မှ ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့က သဘောတူညီချက်၏ နောက်ဆက်တွဲကို သဘောမတူညီကြောင်းမှတ်ချက်ဖြင့် လက်မှတ်ရေးထိုးကြသည်။
အောင်ဆန်း အက်တလီ စာချုပ်တွင် အပိုဒ် ၃၊ ၈၊ အပိုဒ်ခွဲ (ခ) ၌ တောင်တန်းဒေသများက မြန်မာပြည်မနှင့်ပူးပေါင်းသည်မပူးပေါင်းသည်ကိုကွဲပြားစွာသိရှိနိုင်ရန် မိမိတို့၏ ထင်မြင်ချက်များကို ထုတ်ဖော်ပြောဆို နိုင်ရေးအတွက် နောက်လဆန်းတွင် ကျင်းပမည် ဖြစ်သောဝန်ကြီး များအစည်းအဝေးတွင် လည်းကောင်း၊ သို့မဟုတ် ဤကိစ္စအတွက် အထူးကျင်းပသော ကွန်ဖရင့်တွင် လည်းကောင်း နယ်ခြားဒေ သရှိ လူမျိုးများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များကို မေးမြန်းရမည်” ဟူ၍ဖော်ပြထားပြန်လေသည်။

ယင်းဖော်ပြချက်အရပင်လုံကွန်ဖရင့်ကို ကျင်းပရန်လိုအပ်လာပြန်သည်။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လန်ဒန်မြို့မှ ပြန်လည်ထွက်ခွာရာ ရန်ကုန်မြို့သို့ ဖေဖော်ဝါရီ ၂ တွင်ရောက်ရှိလာသည်။ ဘိလပ်မှပြန်လည်ရောက်ရှိလာသော အခါ ဗိုလ်ချုပ်အောင်ဆန်းသည်လုံးဝနားချိန်မရတော့ဘဲ တောင်တန်းဒေသညီညွတ်ရေးအတွက်အစွမ်းကုန် ဆောင်ရွက်ရတော့သည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဘိလပ်၌ဆွေးနွေးခဲ့သည့်ကိစ္စရပ်များကို သတင်း ကွန်ဖရန့်ကျင်းပပြီးလျှင် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပင်လုံသို့ရောက်ရှိခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း ပင်လုံသို့မရောက်မီ ဖေဖော်ဝါရီလ ၇ ရက်နေ့ကပင်လျှင် တောင်တန်းဒေသခေါင်းဆောင်များနှင့် မြန်မာကိုယ်စား လှယ်များတို့သည် အခြေအနေသဘောတူ ညီချက်များကို ပြေလည်စွာဆွေးနွေးသဘောတူညီမှုရရှိထားပြီး ဖြစ်လေသည်။ ချင်း၊ ကချင်၊ ကရင်၊ ရှမ်းခေါင်းဆောင်များသည် မြန်မာပြည်မနှင့်ပူးပေါင်း၍လွတ်လပ်ရေးအရယူရန် သဘောတူကြေညာချက် ထုတ်ပြန်ထားပြီးဖြစ်သည်။ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကျင်းပသော တောင်တန်းဒေသစုံညီ အစည်းအဝေး၍ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်မနှင့် တောင်တန်းနယ်များပူးပေါင်းရေးကိစ္စများကို အကျယ်တဝင့်ဆွေးနွေး ရှင်းလင်းပြ၏။ ဗိုလ်ချုပ်တင်ပြချက်မှာ-
“ပင်လုံအစည်းအဝေးသို့ အကြောင်းနှစ်မျိုးကြောင့် လာရကြာင်း။ ပထမမှာ မြန်မာပြည်ရှိ တိုင်းရင်းသားများအားလုံး ညီညွတ်ရေး အတွက်ဖြစ်ပြီး၊ ဒုတိယအကြောင်းမှာ လန်ဒန်ဆွေးနွေးပွဲ၌ တောင်တန်းဒေသနှင့်ပတ်သက်၍ မည်သို့ပြောဆိုလုပ်ဆောင်ခဲ့သည်ကို ပြောဆိုရှင်းလင်းပြရန် တာဝန်ရှိ၍ ဖြစ်ကြောင်း။ မြန်မာပြည်သည်ယခုအခါလွတ်လပ်ရေးရပြီဟုဆိုနိုင်ကြောင်း။ ကျန်ရှိနေသေးသောပြဿနာ မှာ တောင်တန်းဒေသပင်ဖြစ်ကြောင်း။ ဘိလပ်ဆွေးနွေးပွဲ၌ တောင်တန်းဒေသများကို မြန်မာပြည်မနှင့် တချိန်တည်း၌လွတ်လပ်ရေး မပေးလျှင်မဖြစ်နိုင်ဟုမိမိပြောခဲ့ကြောင်း။
မြန်မာများသည်ဗြိတိလျှ ၏ ကျွန်မဖြစ်လိုကြောင်း၊ ထိုနည်းတူ တောင်တန်းဒေသများကိုလည်း ဗြိတိလျှ ကျွန်အဖြစ်သို့ မရောက်ကြစေလိုကြောင်း၊ ထို့ပြင် တောင်တန်းဒေသများသည်မြန်မာတို့၏ကျွန် မဖြစ်ကြစေလိုကြောင်း။ လူဖြူဖြစ်စေ၊ လူမည်းဖြစ်စေ မည်သူကိုမျှကြောက်ရွံ့နေရန်မရှိ။ သူတို့က လာမေးလျှင် တောင်တန်း လူမျိုးမျာသည် လွတ်လပ်ရေးကိုလိုချင်တယ် ဟု ပြောကြရမည်ဖြစ်ကြောင်း။ ခြောက်လျှင်လည်း မကြောက်ကြနဲ့။ ချော့လျှင်လည်းမပျော့ကြနဲ့။ တောင်တန်း လူမျိုးများသည် မြန်မာပြည်မကဲ့သို့ တူညီသော အဆင့်အတန်း ကိုလိုချင်သည်ဟု ပြောကြရမည်။ ဒီစကားဒီကနေ့ပြောလျှင် နက်ဖြန် အဆွေတို့ လွတ်လပ်ရေး ရရမည်ဖြစ်ကြောင်း ” ပြောကြားခဲ့သည်။

မြန်မာပြည်မမှ ခေါင်းဆောင်များနှင့်အောင်ဆန်းဒေသမှခေါင်းဆောင်းများသည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ ဆွေးနွေးကြပြီးနောက်မြန်မာပြည်မနှင့် အတူပူးပေါင်း၍လွတ်လပ်ရေးကို အရယူရန် ဆွေးနွေးသဘော တူညီမှုရရှိကြလေသည်။

သဘောတူညီချက်ရရှိခြင်းကိုအကြောင်းပြု၍ထိုညတွင်ကျင်းပသောထမင်းစားဝိုင်း၍ တောင်တန်းသားများ စည်းလုံးညီညွတ်ရေး အဖွဲ့၏ခေါင်းဆောင်တစ်ဦးဖြစ်သော တောင်ပိုင်စော်ဘွားကြီးက-
“ရှမ်း၊ ဗမာ၊ ကချင် အချင်းချင်း သဘောကွဲလွဲ ချက်များရှိသော်လည်း ယခုညက စ၍ သဘောကွဲလွဲချက်မရှိတော့ကြောင်း။ သွေးကွဲအောင်ခြေထိုးသူသောရှိပေမယ့်ကျွန်တော်တို့ မအ ပါဘူး။ ကျွန်တော်တို့လိုလားတဲ့ လွတ်လပ်ရေးပန်းတိုင်ကိုအသက်နဲ့ လဲပြီး ဆွတ်ခူးမယ်ဆိုတာ ယုံကြည်စေလိုကြောင်း” စသည်ဖြင့် ဖွင့်ပြောကြားသွားလေသည်။

ဤသို့ဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တောင်တန်းဒေသခေါင်းဆောင်ကြီးများသည် မြန်မာ့လွတ်လပ်ရေးအတွက် အရေးပါ၍ သွေးစည်းညီညွတ်ခြင်းအခြေခံဖြစ်သော ‘ပင်လုံစာချုပ်’ ကိုအသီးသီးလက်မှတ်ရေးထိုးခဲ့လေသည်။ ပင်လုံစာချုပ်ကို ရှမ်းစော်ဘွား (၇) ဦး။ ရှမ်းလူထု ကိုယ်စားလှယ် (၂) ဦး၊ ကချင် ကိုယ်စားလှယ် (၅) ဦး၊ ချင်း ကိုယ်စားလှယ် (၃) ဦး၊ မြန်မာအစိုးရကိုယ်စား ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် (၂၃) ဦးက လက်မှတ်ရေးထိုးခဲ့ကြသည်။ ပင်လုံစာချုပ်တွင် မြန်မာပြည်နှင့်ပြည်နယ်များပူးပေါင်းရေးအချက် ၈ ချက် အပါအဝင် အချက်ပေါင်း ၉ ချက် ပါဝင်သည်။
ပင်လုံစာချုပ်တွင်လက်မှတ်ရေးထိုးခဲ့ကြသော ခေါင်းဆောင် (၂၃) ဦးမှာ-


(၁) ဗိုလ်ချုပ်အောင်ဆန်း   – မြန်မာပြည်အစိုးရ
(၂) စဝ်ခွန်ပန်းစိန်  – တောင်ပိုင်းစော်ဘွား
(၃) စဝ်ရွှေသိုက်   – ညောင်ရွှေစော်ဘွား
(၄) စဝ်ဟုန်ဖ   – မြောက်ပိုင်းသိန္နီစော်ဘွား
(၅) စဝ်နွံ   – လဲချားစော်ဘွား
(၆) စဝ်စံထွန်း   -မိုင်းပွန်စော်ဘွား
(၇) စဝ်ထန်အေး   – သာမိုင်းခမ်းစော်ဘွား
(၈) ဦးခွန်ဖုန်း   – မြောက်ပိုင်းသိန္နီ လူထု ကိုယ်စားလှယ်
(၉) ဦးတင်အေး    – တောင်ကြီးလူထု ကိုယ်စားလှယ်
(၁၀) ဦးကြာပု    – သီပေါလူထု ကိုယ်စားလှယ်
(၁၁)  စဝ်ရစ်ဖ    – သီပေါ လူထု ကိုယ်စားလှယ်
(၁၂)  ဦးခွန်ထီး   – ပင်လုံလူထု ကိုယ်စားလှယ်
(၁၃) ဦးထွန်းမြင့်   – မောက်မယ်လူထု ကိုယ်စားလှယ်
(၁၄) ဦးဖြူ   – ဘီဘိုင်စော်ဘွား ကိုယ်စားလှယ်
(၁၅) ဦးခွန်စော   – ပင်းတယလူထု ကိုယ်စားလှယ်
(၁၆) ဆမားဒူးဝါးဆင်ဝါးနောင်   – မြစ်ကြီးနား ၊ကချင် ကိုယ်စားလှယ်
(၁၇) ဒူဝါးဇော်ရစ်  – မြစ်ကြီးနား ကချင် ကိုယ်စားလှယ်
(၁၈) ဦးဒိန်ရတန်  – ဗန်းမော် ကချင် ကိုယ်စားလှယ်
(၁၉) ဒူးဝါးဇော်ထွန်း  – ဗန်းမော် ကချင် ကိုယ်စားလှယ်
(၂၀) ဦးလဘန်ဂရောင်  – ဗန်းမော် ကချင် ကိုယ်စားလှယ်
(၂၁) ဦးလွှာမုန်း   – ဖလမ်း ချင်း ကိုယ်စားလှယ်
(၂၂) ဦးသောင်ဇာခပ်  – တီးတိန်၊ ချင်း ကိုယ်စားလှယ်
(၂၃) ဦးကီယိုမာန်  – ဟားခါး၊ ချင်း ကိုယ်စားလှယ် တို့ဖြစ်ကြသည်။

သို့သော်ဗြိတိလျှနယ်ချဲ့တို့သည် ပင်လုံစာချုပ်နှင့်တိုင်းရင်းသားတို့၏ဆန္ဒ၊ သဘောထားတို့ကို လိုက်လိုက်လျောလျော အသိအမှတ်မပြုလိုသေးပေ။ ရှမ်း၊ ကချင်၊ မြန်မာ တို့၏ သဘောဆန္ဒအပြင် နယ်စပ်ဒေသ၊ တောင်တန်းဒေသများ တိုင်းရင်းသားလူမျိုးတို့၏ ဆန္ဒကို သိလိုသည်ဟု ဆိုကာ တောင်တန်းဒေသစုံစမ်းရေးကော်မတီ (Frontier Area Enquiry Committee) ကို ဖွဲ့စည်းကာ စုံစမ်းခဲ့သည်။ ကော်မတီ၏ဥက္ကဋ္ဌအဖြစ် ဗြိတိလျှ လွှတ်တော်လေဘာပါတီအမတ်မစ္စတာရီးစ် ဝီလျှံ (Lt.Col.D.R.Rees William) ကဆောင်ရွက်ပြီး၊ မြန်မာကိုယ်စားလှယ်များအဖြစ် သခင်နု၊ ဦးတင်ထွဋ်၊ ဗိုလ်ခင်မောင်ကလေး၊ ဦးကျော်ငြိမ်း၊ ဦးမြင့်သိန်း၊ နယ်ခြားဒေသ ကိုယ်စားလှယ်များအဖြစ် မိုင်ပွန်စော်ဘွား စစ်စံထွန်း (ရှမ်း)၊ ဆမားဒူးဝါးဆင်ဝါးနောင် (ကချင်)၊ ဦးဝမ်ကိုဟော (ချင်း)၊ စောစံကေး (ကရင်အမျိုးသားအစည်းအရုံး) တို့ပါဝင်ပြီး အတွင်းရေးမှူး အဖြစ် လန်ဒန်ရှိ မြန်မာနိုင်ငံ ဆိုင်ရာရုံးမှ မစ္စတာ လက်ဝီဂ်ျ ( Mr. W.B.J Ledwidge) ၊ တွဲဖက်အတွင်းရေးမှူးအဖြစ်နယ်ခြား. အဖွဲ့ဝင် ဦးထွန်းဖေ၊ လက်ထောက် အတွင်းရေးမှူး အဖြစ် ဗိုလ်မှူးရှမ်းလုံတို့ ပါဝင်ကြသည်။

ထို့နောက်တောင်တန်းဒေသစုံစမ်းရေးကော်မတီသည် မြန်မာပြည်မနှင့် တောင်တန်းဒေသရှိ သက်သေများကို ၁၉၄၇ ခုနှစ် မတ်လ ၁၉ မှ ဧပြီလ ၂၁ ရက်နေ့အထိ မေးမြန်းစုံစမ်းသည်။ တိုင်းရင်းသားတို့တင်ပြခဲ့သော သဘောဆန္ဒများကို မှတ်တမ်းတင်ထားသည့် အစီရင်ခံစာကို ၁၉၄၇ မေလ ၃ တွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် ၏အမှုတော်ကောင်စီသို့တင်ပြခဲ့သည်။ မေလ ၁၈ ရက်နေ့တွင် ယင်အစီရင်ခံစာကို ဗြိတိလျှ အစိုးရကလည်း လက်ခံအတည်ပြုပြီးခဲ့ပြီးနောက် ပင်လုံစာချုပ်ကို အတည်ပြုပေးခဲ့သည်။

ဤသို့တိုင်းရင်းသားတို့တင်ပြခဲ့သောအစီရင်ခံစာအချက်အလက်သဘောဆန္ဒများကို ပြည် ထောင်စုမြန်မာနိုင်ငံအခြေခံဖွဲ့စည်း
အုပ်ချုပ်ပုံစည်းမျဉ်းရေးဆွဲရာတွင်ဖြည့်စွက်ထည့်သွင်းရေးဆွဲခဲ့လေ သည်။ ယင်းနောက် ၁၉၄၇ ခုနှစ်၊ ဇွန် ၁၇ တွင် ကျင်းပသော တိုင်းပြု ပြည်ပြု လွှတ်တော်ညီလာခံသို့ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံမှုများ လိုက်သွင်းခဲ့လေသည်။ လွှတ်တော်ကလည်း မဆိုင်းမတွ ပင် လက်ခံအတည်ပြုလိုက်လေသည်။ မည်သို့ဆိုစေ…. တောင်တန်းဒေသစုံစမ်းရေးကော်မတီ၏ရှေ့မှောက်၌ ထုတ်ဖော်ခဲ့သော တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုယ်စားလှယ်များ၏ ထိုဆန္ဒဖော်ထုတ်ချက်များသည် ပင်လုံစာချုပ်ကြီး၌ ချမှတ်ဖော်ထုတ်ခဲ့သော ပြည်ထောင်စု တိုင်းရင်းသားတို့၏ ဆန္ဒသဘောထား၊ ပင်လုံ စိတ်ဓါတ်နှင့် ပြည်ထောင်စု သနိဋ္ဌာန်ပြဋ္ဌာန်းမှုလိုအပ်ချက်များကို ဖွင့်ဟအတည်ပြုချက်များပင်ဖြစ်ရာ ထိုကော်မတီ၏အစီရင်ခံစာများသည်လည်းပင်လုံစာချုပ်ကြီးကဲ့သို့ပင် ပြည်ထောင်စုသမိုင်းမှတ်တိုင်ကြီးတစ်တိုင် ဖြစ်နေပါတော့သည်။

 

ကိုးကား

* https://www.facebook.com/notes/kyaw-naing/%E1%80%95%E1%80%84%E1%80%B9%E1%80%9C%E1%80%B6%E1%80%AF%E1%80%87%E1%80%AC%E1%80%90%E1%80%B9%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%9C%E1%80%B7%E1%80%9C%E1%80%AC%E1%80%B1%E1%80%9E%E1%80%AC%E1%80%B9/603280379685955
(သန်းဝင်းလှိုင် ဇန်န၀ါရီ ၂၇၊ ၂၀၁၃)
    

*၁၉၇၂ ခုနှစ်ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသော ပင်လုံညီလာခံ သမိုင်းစဉ်စာမျက်နှာ ၁၃၈
    

*၁၉၈၀မေမြို ချစ်ဆွေ ရေးသား ပြုစုခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း

The Panglong Conference  (ပင်လုံညီလာခံ - ပင်လုံစာချုပ်), held in February 1947, was an historic meeting that took place at Panglong in the Shan States in Burma between the Shan, Kachin and Chin ethnic minority leaders and Aung San, head of the interim Burmese government.  All these leaders unanimously decided to join the Union of Burma. On the agenda was the united struggle for independence from Britain and the future of Burma after independence as a unified republic.

History
Burma has been called an anthropologist's paradise. Various groups of people migrated south into the Irrawaddy- Chindwin, Sittang and Salween valleys from the China-Tibet region in the latter part of the first millennium, the Mon followed by the Tibeto-Burman and Tai - Shan races. The main groups were the Mon, Bamar (Burmese), Shan and Rakhine, establishing their own kingdoms, and the first three groups vying for supremacy. 

The Bamar under Anawrahta in the 11th century, Bayinnaung in the 16th century, and Alaungpaya in the 18th century unified and expanded their kingdoms establishing the first, second and third Burmese Empires respectively, whilst the Shan were ascendent during the 14th and the 15th centuries. The ancient Mon kingdom in the south was finally overwhelmed by the Bamar into submission only in the mid-18th century, and the Arakan annexed subsequently, establishing a Bamar-dominant nation state approximately within its current boundaries. Although the Arakan and Monlands were under Bamar administration, the Shanlands and the Trans-Salween states of the Karen and Karenni were never under direct control but only under Burmese suzerainty.

The British fought three wars with Burma in 1824, 1852 and 1885, culminating in the loss of Burmese sovereignty and independence. They established a colonial administration 'at least possible cost' according to Lord Dufferin,and a distinction between the hills and the plains that evolved during the arduous annexation process, due to armed resistance not just from the Bamar but from the Shan, Chin and Kachin, became formalised into Ministerial Burma, formerly Burma Proper, and the Frontier Areas. The Shan and Karreni Saophas or Sawbwas, and Kachin Duwas were left to continue their feudatory rule in their areas; the Karenni states were never even included within the borders of British Burma. In parliament, seats were reserved for the Karen, immigrant Chinese, Indian and Anglo-Burmese minorities, an arrangement bitterly opposed by many Burmese politicians. The Mon of Lower Burma and the Rakhine included in Ministerial Burma had no representation at all even though the plains Karen (the majority of the Karen population) and the Mon shared the Irrawaddy Delta of Lower Burma.  
The draining of the marshes for rice cultivation drew Burman migration into British Burma even before the final annexation of Upper Burma. The Bamar however were virtually excluded from military service, and even as late as 1939 there were only 432 Burmans in the army compared with 1448 Karens, 886 Chins and 881 Kachins. Karen villagers had acted as guides for the British during the Anglo-Burmese Wars, and Karen troops had played a major part in the suppression of rebellions in Lower Burma in 1886 and again in the Saya San rebellion of 1930-32.

American, British and other European missionaries had also succeeded in converting the hills peoples to Christianity, the Karen in particular, and also the Kachin and Chin, whereas they made very little headway among the Buddhist Bamar, Mon, Rakhine, Shan and the plains Karen. Once they had benefited from a Christian education, Karen migration to towns in Lower Burma and the Tenasserim also increased. Burman leaders would blame the 'divide and rule' policy of Western imperialists and the 'servile streak' in the ethnic minorities who would look up to them; U Nu, the first prime minister of independent Burma, was later to accuse certain missionaries and writers of 'having deliberately sown the seeds of racial and religious conflict'. The ethnic minorities would, in turn, point the finger at Burman 'chauvinism' and 'oppression'.
The Frontier Areas or Scheduled Areas were divided into Part I or Excluded Areas such as the Kachin state with no right of election to parliament, and Part II or Partially Excluded Areas subdivided into two groups, one with electoral representation such as Myitkyina and Bhamo with Kachin minority and Shan/Burman majorities, and the other group with no electoral representation. A Federal Council of Shan Chiefs was formed in 1922 which gave the Shan and their Sawbwas an important channel for representation. The Burma Frontier Service boasted just 40 members employed in the administration of the entire Scheduled Areas at the outbreak of the Second World War.
When the Japanese invaded Burma in 1942, the Karen remained loyal to and fought with the British, and consequently suffered at the hands of the Burma Independence Army (BIA) under Gen. Aung San and the Japanese Army. Villages were destroyed and massacres committed in their areas, and among the victims were Saw Pe Tha, a pre-war cabinet minister, and his family.

First Panglong conference

In March 1946, the Saophas or Chaofa (Sawbwa in Burmese) of the Shan states sponsored a conference at Panglong in order to discuss the future of the Shan states after independence. It was led by the Saopha of Yawnghwe Sao Shwe Thaik, and the Kachin, Chin and Karen representatives were also invited. They realised that Burma would soon gain independence from the British, and that the Frontier Areas faced a real risk of remaining a British dominion since the hill tracts were deemed backward and not yet ready for self-determination. The pre-war prime minister U Saw and Thakin Nu from the Anti-Fascist People's Freedom League (AFPFL) gave speeches as the Burman majority representatives, and a message from the British Governor was read out which reiterated the White Paper policy that no decisions would be made on the Frontier Areas and their peoples without their full consent.

The Chin delegates expressed their sense of insecurity stemming from their heavy economic dependence on Burma Proper, hence their weak bargaining position. The Kachins were critical of U Nu's diatribe against the British and sceptical of Burman sincerity as regards equal rights. The Karens wanted a separate state that included the Tenasserim seaboard. The one positive outcome was the formation of a United Burma Cultural Society with Sao Shwe Thaik as chairman and U Saw as secretary.

Relations later improved between the hills peoples and the AFPFL through contacts such as the Sama Duwa Sinwa Nawng, a Buddhist Kachin whose father was killed in the fight against British annexation at the turn of the century, and who himself raised Kachin levies and fought with the Burma National Army (BNA) in the Second World War, also the Chin leader Vamthu Mawng, and the Sawbwa of the Pa-O substate of Hsihseng (Hsahtung or Thaton) Sao Khun Kyi. In November 1946, a Supreme Council of the United Hills Peoples was formed at the instigation of the AFPFL, and Sao Shwe Thaik was elected as president.

The minority leaders however continued to lobby London and the Frontier Areas Administration (FAA) directly at the same time the AFPFL was in almost continuous consultation with the British authorities for independence. The Karen National Associations (KNA), founded in 1881, had argued at the 1917 Montagu-Chelmsford hearings in India that Burma was not "yet in a fit state for self-government" to the dismay of Burmese nationalists, but 3 years later, after submitting a criticism of the 1920 Craddock Reforms, won for themselves 5 (later 12) seats in the Legislative Council of 130 (later 132) members. Sao Shwe Thaik and Sawbwa of Mong Mit Sao Khin Maung travelled to London to argue for an independent Shan state at the Burma Round Table hearings in 1931, despite the British Governor's disapproval. The Karen Goodwill Mission to London in August 1946 likewise failed to receive any encouragement for their separatist demands from the British government.

H. N. C. Stevenson, the director of the FAA, criticised by both the Burma Office and the AFPFL, lamented the lost opportunities, and the lack of economic data or coordination between the Frontier Areas and Ministerial Burma. He stated,"I believe that the multiplication of and strengthening of the economic relations between the hills and the plains will be the shortest and most inexpensive route to a unified Burma."

In Blueprint for a Free Burma, composed by the Japanese military but wrongfully attributed to Aung San,  the question of minorities is addressed in similar vein:
"the essential prerequisite is the building of one unified nation. In concrete terms it means we must now bridge all gulfs now existing through British machinations between the major Burmese race and the hill peoples, the Arakanese, the Shans and unite all these peoples into one nation with equal treatment unlike the present system which divides our people into 'backward' and 'administered' sections. All the natural barriers that make mutual associations and contacts shall be overcome, for instance, by construction of effective modern communications such as railways and roads."


A significant breakthrough came when an agreement was signed between the Shan, Kachin and Chin leaders, and U Aung San as leader of the Governor's Executive Council at the second Panglong Conference on February 12, 1947.  Following World War II, General Aung San negotiated the Panglong Agreement with ethnic leaders that guaranteed the independence of Burma as a unified state. U Aung Zan Wai, U Pe Khin, Bo Hmu Aung, Sir Maung Gyi, Dr. Sein Mya Maung, Myoma U Than Kywe were among the negotiators of the historical Panglong Conference negotiated with Burma group leader General Aung San and other ethnic leaders in 1947.  

The Karens sent only four observers; also absent were the Mon and Arakanese representatives as they were not considered separately, but within Ministerial Burma. There were 23 signatories in all expressing their willingness to work with the 'interim Burmese government' in order to achieve independence speedily, and agreeing in principle the formation of a 'Union of Burma'.
  • The Agreement proposed a Counsellor to the Governor to be appointed and co-opted as a member of the Executive Council, on recommendation by the Supreme Council of United Hills Peoples, in order to deal with the Frontier Areas, thus bringing the subject 'within the purview of the Executive Council', and the Counsellor to be assisted by two deputies who should also be allowed to attend relevant meetings of the EC.
  • Full autonomy in internal administration of the Frontier Areas was to be accepted in principle.
  • A separate Kachin state was agreed to be desirable, subject to discussion in the Constituent Assembly.
  • Citizens of the Frontier Areas were to enjoy the rights and privileges regarded as fundamental in democratic countries.
  • The financial autonomy of the Federated Shan States was not to be affected.
  • Financial assistance to the Kachin and Chin Hills likewise was not to be affected, and the feasibility of the same arrangement for them as existed with the Shan states to be considered.
The British were left in no doubt that Aung San and the Burman dominated AFPFL were able to mediate with the leaders of the hills peoples. Sao Shwe Thaik was appointed Counsellor to the Governor, with Sinwa Nawng and Vumthu Mawng as his deputies. Aung San's assurance on the day, "If Burma receives one kyat, you will also get one kyat", has often been quoted by ethnic nationalists since.

Legacy
Thanks to the Panglong Agreement, the Union of Burma came into being after independence on January 4, 1948, and February 12 has been celebrated since as 'Union Day'. The spirit of Panglong is often invoked, although many today feel that another Panglong is long overdue. The debate certainly needs to move on from the old black-and-white caricatures of 'imperialist stooges' and 'chauvinist oppressors' for any progress to be made.

Even at the time, there was no representation from the Karen and Karenni, no consideration regarding the Mon and Rakhine as they fell within Ministerial Burma, and the Pa-O, Palaung and Wa were subsumed under the Shan states, although the Saopha of Tawngpeng Palaung substate was among the signatories. The Frontier Areas Commission of Enquiry (FACE) was set up in April/May 1947 as a condition of the Aung San-Attlee Agreement of January 27, 1947, and although the Burmese independence movement was represented by just one united front, the AFPFL, there were 50 often conflicting groups from the hill tracts; the Delta Karen, Mon and Rakhine were still excluded.

The shortcomings of the conference which resurfaced in the Constituent Assembly, and the consequent inadequacies of the Constitution promulgated on September 24, 1947, were to emerge soon after independence, and in fact in the Arakan the veteran monk U Seinda had already started a rebellion in May 1947. The Karen had isolated themselves further by boycotting both the EC and the elections to the Constituent Assembly, notwithstanding seats reserved for them, though persistent in their demand for an independent state similar to the kind their cousins, the Karenni, had enjoyed under their own Sawbwas; their future was as a result left unsettled, deferred till after independence. The Kachin had to make concessions in their representation in parliament in exchange for the inclusion of Myitkyina and Bhamo, towns with Shan and Burman majorities, in the new state, although in the hills the Duwas would continue their rule. The Chin ended up with no state, only a special division. The Mon and Rakhine again were not even considered separately.  One Mon group contested unsuccessfully at the elections which they claimed were rigged, but another boycotted; the Mon after independence threw in their lot with the Karen and joined the rebellion.

Rebellion
The Regional Autonomy Enquiry Commission in October 1948, though now expanded to include six Karens, six Mons, five Arakanese, seven Burmans and four others, did not report until February 1949, by which time the Karen rebellion had already broken out. The Karen had repeated their controversial demand to include Karen majority areas of the Irrawaddy Delta in the independent Karen state as well as a joint Mon–Karen independent state in the areas of the Tenasserim where they could not stake an exclusive claim.

Communal relations turned sour when the AFPFL government deployed Karen and Kachin troops, which proved to be ruthlessly efficient, in suppressing the Burmese Communist rebellion that started in March 1948 centred on their stronghold of Pyinmana. The situation went from bad to worse when U Nu raised the Sitwundan auxiliary troops in order to reduce the government's heavy dependence on ethnic troops, and not least in anticipation of a Karen insurrection. They were put under the command of Maj. Gen. Ne Win and not the Army Chief of Staff Gen. Smith Dun, a Karen who was later removed and replaced by Ne Win on January 31, 1949. 

They soon outnumbered the Karen Rifles and Union Military Police (UMP), and were subsequently used against the Karen National Defence Organisation (KNDO), a paramilitary force formed in July 1947 by the Karen National Union (KNU), and the Karen UMP units.
History repeated itself when the KNU was judged to be a separatist movement as an 'imperialist plot' at the Left Unity talks in July/August 1948 between the AFPFL and the PVO (Pyithu yèbaw or People's Volunteer Organisation, a paramilitary force formed earlier by Aung San from BIA veterans) and their allies the Communists. A gun-running plot had been uncovered involving an Anglo-Burmese officer, Capt. Vivian, who was convicted and jailed but later escaped with the Karen; he was linked to U Saw who was in the frame for the assassination of Aung San and six other cabinet members in July 1947. 

Another plot led by Col. Cromarty-Tulloch, an ex-Force 136 adventurer, and a few other Britons and Anglo-Burmese officers, in the early days of the Karen insurrection, was also uncovered shortly after it started. Naw Seng, a commander of the Kachin Rifles, after being dispatched to suppress the Karen revolt, joined the KNDO whose ranks now swelled from the defection of the Karen Rifles; he then went on to lead the Pawng Yawng rebellion before going into exile to China in 1950, only to make a comeback in 1968 as a Communist commander.

It was not just the Karen and Mon that rose up in rebellion, soon after independence in early 1949. The Rakhine led by the veteran monk U Seinda started an insurrection as early as 1946 followed by the Rakhine Mujahid in December 1947 in northern Arakan along the border of today's Bangladesh, migrants and their descendants from East Bengal. The Karenni revolt however was precipitated by a Baptist-Catholic split in its leadership in August 1948, when the veteran leader Bee Tu Re was brutally murdered, and as a result the Kyebogyi Sawbwa Sao Shwe took up arms against the AFPFL-backed Kantarawaddy Sawbwa Sao Wunna, both ex-Force 136 and erstwhile comrades-in-arms, and Sao Shwe was later aided by Tulloch.

But it was not until 1949 when the Karen attacked Rangoon, triggered by the broken promise of independence. and after a brief batte both sides agreed to a cease fire and after receiving promises that the Burmese government would reconsider their requests, returned home. Nothing was done to implement these promises under Ne Win's interim Government. Then in the early the Kachin rebelled, triggered by the former Marxist U Nu's declaration of Buddhism as state religion, and the Shan rebellion, triggered by Gen. Ne Win's coup d'etat of March 1962, took off. In fact it was the Shan Federal Movement, led by Sao Shwe Thaik and aspiring to a 'loose' federation with Burma, but seen by army hardliners as a separatist movement insisting on the government honouring the right to secession after 10 years provided for by the 

1947 Constitution to both the Shan and the Karenni, which precipitated the coup.  Ne Win had already stripped the Sawbwas of their feudal powers in exchange for comfortable pensions for life in 1959 during his caretaker government.  His 1962 coup put paid to the 1947 Constitution and what little remained of the Panglong spirit.  The Chin launched a rebellion also in the 1960s. The Kayan insurgency in the Shan substate of Mong Pai was triggered by the first 'demonitisation' declaring the 100 and 50 kyat notes illegal in 1964 which wiped out the savings of hill farmers as well as the rest of the country.  The Shan rebellion was partially caused by the CIA who armed them in exchange for their opium and cooperation with the Chinese Koumintang forces that fought with General Stilwell in the War against Japan and remained in the region. The latter were removed by the USA after being ordered by the UN and flew some of the Koumintang to Formosa.

Personal journeys
General Aung San was assassinated with several members of his cabinet, including Sao Sarm Htun, the Saopha of Mong Pawng and a signatory of the Agreement, and a Karen member Mahn Ba Khaing, on July 19, 1947, just months after Panglong and before independence; July 19 has been commemorated since as 'Martyrs' Day'. U Saw was convicted and hanged in May 1948 for his role in the crime. The Socialist leader Thakin Nu became the first Prime Minister of independent Burma as a direct consequence of Aung San's untimely death and the earlier expulsion of the Burmese Communists from the AFPFL.  Sao Shwe Thaik was elected the first President of independent Burma (1948–52), arrested at the time of the 1962 coup when his youngest son was the one fatality, shot dead, in what was generally described as a 'bloodless' coup, and he himself died shortly afterwards in custody. His wife Mahadevi and son Chao-Tzang Yawnghwe formed the Shan State Army (SSA) in 1964 taking the Shan rebellion that started in 1958 to a new phase.

Sinwa Nawng and Vamthu Mawng both became cabinet ministers in the first AFPFL government. Brang Seng, the late Chairman of the Kachin Independence Organisation (KIO) and former headmaster of Myitkyina Baptist Mission High School, was the nephew of one of the Kachin signatories Lawdan Duwa Zau La. Khun Kya Nu, a leader of the SSA and former Rangoon University student, is the son of one of the Shan delegates at Panglong, Kya Bu.


References
1.    Smith, Martin (1991). Burma - Insurgency and the Politics of Ethnicity. London and New Jersey: Zed Books. pp. 42–43,44–46,62,73–74,46,72,76,78–80,78,84,79,86,114–115,116–118,113–114,,141,112–113,195,193,94,69–70,79,195,220,192.
2.    Houtman, Gustaaf (2007). "Aung San’s lan-zin, the Blue Print and the Japanese occupation of Burma - in Kei Nemoto ed. Reconsidering the Japanese military occupation in Burma (1942-45)". Research Institute for Languages and Cultures of Asia and Africa (ILCAA). Tokyo: Tokyo University of Foreign Studies. ISBN978-4-87297. pp. 179–227.
3.    "The Panglong Agreement, 1947". Online Burma/Myanmar Library.
4.    "The New Panglong Initiative". Ethnic Nationalities Council (Union of Burma).
5. https://www.facebook.com/notes/kyaw-naing/%E1%80%95%E1%80%84%E1%80%B9%E1%80%9C%E1%80%B6%E1%80%AF%E1%80%87%E1%80%AC%E1%80%90%E1%80%B9%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%9C%E1%80%B7%E1%80%9C%E1%80%AC%E1%80%B1%E1%80%9E%E1%80%AC%E1%80%B9/603280379685955