Pages

ရဲတပ်ဗိုလ်ချုပ် ဆာမောင်ကြီး (Sir Maung Gyi)



ဆာမောင်ကြီး(Sir Maung Gyi)



၁၉၄၅ ခုနှစ်၊ ဇွန်လ ၂ဝ ရက်တွင် မြန်မာပြည်၏ အနာဂတ် အုပ်ချုပ်ရေးနှင့် လွတ်လပ်ရေး အတွက် ဆွေးနွေးသော ကမ်ဘာလင် ဆွေးနွေးပွဲသို့ ကိုယ်စားလှယ် တဦး အဖြစ် တက်ရောက်ခဲ့သည်။ ရန်ကုန်မြစ်အတွင်း ကမ်ဘာလင် စစ်သင်္ဘ࿿ောပေါ်၌ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့နှင့် မြန်မာပြည် စစ်ပြေးဘုရင်ခံ ဒေါ်မန်စမစ်တို့ တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။


၁၉၄၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် မန်းဘခိုင် နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ရ၍ ပြည်သူ့လုပ်ငန်းနှင့် ပြန်လည် ထူထောင်ရေး ဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည်။ 


၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဆာမောင်ကြီးသည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဦးတင်ထွဋ်၊ ဦးအောင်ဇံဝေ၊ ဗိုလ်ခင်မောင်ကလေး၊ သခင်ဝတင်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မင်းလွင်၊ ဦးကိုကိုလေး၊ မြို့မ ဦးသန်းကြွယ်၊ ဒေါက်တာ စိန်မြမောင်၊ ဗိုလ်သိမ်းဆွေ၊ ဦးတင်ညွန့်၊ ဦးမောင်မောင် စသော  မြန်မာကိုယ်စားလှယ်များ နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင် ဦးဆောင် ခဲ့သည်။ 

၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင် လန်ဒန်မြို့၌ မြန်မာပြည်ဆိုင်ရာ ကော်မရှင်နာ မင်းကြီး အဖြစ် ပြောင်းရွှေ့ တာဝန်ယူရသည်။ ၁၉၄၇ ခုနှစ်၊ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီတွင်လည်း ပါဝင်ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် အင်္ဂ္လန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ၁၉၄၉ ခုနှစ်၊ မတ်လ အထိ ထမ်းဆောင်ခဲ့သည်။ ထို့နောက် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် တာဝန် ထမ်းရွက်ခဲ့ပြီး၊ ၁၉၅၂ ခုနှစ်၊ မေလတွင် အငြိမ်းစားယူခဲ့သည်။


အမျိုးသားနေ့ ရွှေရတုသဘင် ကျင်းပရေး နာယက (၁၉၇ဝ) အဖြစ်လည်း ထမ်းဆောင်ခဲ့သည်။


ဆာမောင်ကြီးသည် ၁၉၇၁ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ ခြံအမှတ် ၃၂၃ နေအိမ်၌ ကွယ်လွန်ခဲ့သည်။ မကြီးကြီး ၏ သမီးဖြစ်သူ ဒေါ်ဧရီ နှင့် လက်ထပ်ခဲ့ပြီး၊ သားတဦး (ဦးမျိုးအောင်)၊ သမီးသုံးဦး (ဦးသန်းတင် + ဒေါ်ခင်ဆွေအေး)၊ (ဒေါက်တာကြည်ပေါ + ဒေါ်ခင်ဆွေတင့်)၊ (ဆေးတပ်မှူးကြီး ဒေါက်တာကျော်စိန်ထွန်း + ဒေါ်ခင်ဆွေစစ်) တို့ ထွန်းကားသည်။

[၂၀၁၀၊ မတ်လမှာ UNITY စာပေမှ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေတဲ့ မောင်ဇေယျာ ရေးသားတဲ့ 'မြန်မာလူကျော် ၁၀ဝ (ပထမအုပ်)' စာအုပ်ပါ "ရဲတပ်ဗိုလ်ချုပ် ဆာမောင်ကြီး (၁၈၈၆-၁၉၇၁)" အတ္ထုပ္ပတ္တိမှ]

ကိုးကား

    ၁၉၇၂ ခုနှစ်ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသော ပင်လုံညီလာခံ သမိုင်းစဉ်စာမျက်နှာ ၁၃၈
    ၁၉၈၀မေမြို့ချစ်ဆွေ ရေးသား ပြုစုခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း

https://www.facebook.com/notes/kyaw-naing/%E1%80%95%E1%80%84%E1%80%B9%E1%80%9C%E1%80%B6%E1%80%AF%E1%80%87%E1%80%AC%E1%80%90%E1%80%B9%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%9C%E1%80%B7%E1%80%9C%E1%80%AC%E1%80%B1%E1%80%9E%E1%80%AC%E1%80%B9/603280379685955
(သန်းဝင်းလှိုင် ဇန်န၀ါရီ ၂၇၊ ၂၀၁၃)