Pages

ဦးတင်ထွဋ် (အိုင်စီအက်စ်) (U Tin Tut, ICS) (Burmese language version)

Click here to read in English language version.

 ဦးတင်ထွဋ် အိုင်စီအက်စ် (U Tin Tut, ICS)

၁၈၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြင်းခြံမြို့၌ ဖွားသည်။ အဖ အရေးပိုင် ဦးဖိန်း (ကေအက်စ်အမ်၊ အေတီအမ်)နှင့် အမိ ဒေါ်မိမိ တို့ဖြစ်သည်။ မွေးချင်း ခုနစ်ယောက်တွင် သားအကြီးဆုံး ဖြစ်သည်။ ညီအစ်ကို ၄ ဦးစလုံး အင်္ဂ္လန်မှ ဘားအက်လော(Bharat Law) ဝတ်လုံဘွဲ့များရ၍ ထူးချွန်ထက်မြက် ထင်ရှားသူများ ဖြစ်ကြသည်။

ရန်ကုန် စိန့်ပေါလ် အထက်တန်းကျောင်း၊ အစိုးရ အထက်တန်းကျောင်း ပဲခူး အစိုးရ အထက်တန်းကျောင်း၊ ရန်ကုန် ကောလိပ်တို့တွင် ပညာသင်ခဲ့သည်။ ရန်ကုန်ကောလိပ်တွင် လပိုင်းမျှသာ နေ၍ ၁၉၁၁ ခုနှစ်တွင် အင်္ဂ္လန် ဂျူးဝစ် ကောလိပ်၊ ၁၉၁၄ ခုနှစ်တွင် ကိန်းဘရစ် တက္ကသိုလ် ကွင်းန်ကောလိပ်၊ ၁၉၁၄ ခုနှစ်တွင် အိုင်ယာလန် ဒဗ္ဗလင် ထရီနတီ ကောလိပ်တို့တွင် ဆက်လက် ပညာသင်သည်။

၁၉၁၅ ခုနှစ်တွင် မက်ခ်သစ်ထရစ်ပို စာမေးပွဲ၊ ၁၉၁၇ ခုနှစ်တွင် အီကောနောမစ်ထရစ်ပို စာမေးပွဲများ အောင်သည်။ ၁၉၁၆ ခုနှစ်တွင် အင်္ဂ္လိပ် အက်ဆေးပြိုင်ပွဲ၌ ဟူးစ်ပရိုက်ဆု ရသည်။ ၁၉၁၇ ခုနှစ်တွင် ကိန်းဘရစ် တက္ကသိုလ်မှ ဘီအေဘွဲ့ကို သင်္ခ࿿ျာ၊ ဘောဂဗေဒ ဂုဏ်ထူးတို့ဖြင့် ရရှိသည်။ ၁၉၂ဝ ပြည့်နှစ်တွင် ဒဗ္ဗလင် ထရီနတီကောလိပ်မှ ဘီအေ (တီ၊ စီ၊ ဒီ) နှင့် အမ်အေဘွဲ့များ ရသည်။ ၁၉၂၁ ခုနှစ်တွင် အင်္ဂ္လန် မစ်ဒယ်တန်ပယ်လ် ဥပဒေကျောင်းမှ ဘရစ်စတာ (Barrister at Law) ဝတ်လုံဘွဲ့ ရသည်။

အင်္ဂ္လန်တွင် ပညာ သင်ကြားနေစဉ် အားကစား၌ ထူးချွန် ထင်ရှားသည်။ ဂျူးဝစ်ကောလိပ် ရတ်ဘီ အားကစား လက်ရွေးစင်၊ ပတ်ဘလစ်စကူး လက်ဝှေ့ ချန်ပီယံ၊ ကိန်းဘရစ် တက္ကသိုလ် ရတ်ဘီ ခေါင်းဆောင်နှင့် လှေလှော်အသင်း ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရသည်။

၁၉၁၇ ခုနှစ်တွင် မြန်မာ တိုင်းရင်းသားများထဲမှ အိန္ဒိယ စစ်တပ် ကော်မရှင် အရာရှိ ၄ ဦးတွင် တစ်ဦး အဖြစ် ခန့်အပ်ခံရသည်။ ၁၉၁၉ ခုနှစ်တွင် မြန်မာ တိုင်းရင်းသားများထဲမှ ပထမဆုံး အိုင်စီအက်စ် ဝန်ထမ်း အဖြစ် ရွေးချယ်ခံရကာ ၁၉၁၉-၂၁ ခုနှစ်တွင် အောက်စဖို့ဒ် တက္ကသိုလ်၌ အလုပ်သင် အဖြစ် ပညာသင်ခဲ့သည်။

၁၉၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် မြန်မာပြည်သို့ ပြန်ရောက်သည်။ ၁၉၂၂ ခုနှစ်တွင် ပဲခူးတိုင်း ကမာစဲမှ ဦးဘိုးမင်း၏ သမီး မသန်းတင်နှင့် လက်ထပ်သည်။ ၁၉၂၂ ခုနှစ်တွင် ပဲခူးဝန်ထောက်၊ ၁၉၂၄ ခုနှစ်တွင် သစ်တောဌာန အတွင်းဝန်ထောက်၊ သစ်တော ကော်မတီ အတွင်းရေးမှူး၊ ၁၉၂၅ ခုနှစ်တွင် ဘဏ္ဍဍာရေးဌာန အတွင်းဝန်ထောက်၊ ၁၉၂၆ ခုနှစ်တွင် အခွန်တော်နှင့် သဿမေဓ စုံစမ်းရေး ကော်မတီ အတွင်းရေးမှူး၊ ၁၉၂၇ ခုနှစ်တွင် သမဝါယမ တွဲဖက် ရီဇစ္စတြာ ဝန်ထောက် အဖြစ် ဆောင်ရွက်သည်။

၁၉၂၈ ခုနှစ်၊ ဧပြီလ ၁ဝ ရက်မှ ၁၉၃၃ ခုနှစ်၊ ဧပြီ ၁၇ ရက် အထိ ဒေလီမြို့နှင့် ဆင်းမလားမြို့တို့တွင် အိန္ဒိယ အစိုးရ စက်မှုနှင့် အလုပ်သမားဌာန အတွင်းဝန်ထောက်၊ ဒုတိယအတွင်းဝန်၊ တွဲဖက်အတွင်းဝန် အဖြစ် အမှုထမ်းခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ပြည်အရေးပိုင်၊ ၁၉၃၅ ခုနှစ်တွင် အတွင်းဝန်ရုံး ဘဏ္ဍဍာရေးဌာန ဒုတိယအတွင်းဝန်၊ ၁၉၄၁ ခုနှစ်တွင် ဝန်ကြီးချုပ်၏ အတွင်းဝန် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၃၉ ခုနှစ်မှ ၁၉၄၂ ခုနှစ်တိုင် ရန်ကုန်တက္ကသိုလ် အဓိပတိ အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၄၁ ခုနှစ်၊ အောက်တိုဘာလတွင် နန်းရင်းဝန် ဦးစော (ဂဠုန်ဦးစော) နှင့် အင်္ဂ္လန်သို့ လိုက်ပါ၍ အကြံပေး အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဆင်းမလားရှိ မြန်မာပြည်ပြေး ဒေါ်မန်စမစ် အစိုးရ၏ အကြံပေး၊ ၁၉၄၅ ခုနှစ်၊ ကန္နီဆွေးနွေးပွဲ အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သည်။ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဗြိတိသျှ အစိုးရ၏ အော်ဒါအော့ဖ် ဗြိတိသျှ အင်ပါယာဘွဲ့ (အိုဘီအီး) ချီးမြှင့်ခဲ့ရသည်။ ၁၉၄၆ ခုနှစ်တွင် အိုင်စီအက်စ် ဝန်ထမ်းဘဝမှ နုတ်ထွက်၍ The Burmese Review (သည်ဘားမိစ် ရီဗျူး)၊ New Time of Burma (နယူးတိုင်းမ်အော့ဖ် ဘားမား) သတင်းစာများကို အင်္ဂ္လိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။ လန်ဒန်တိုင်း သတင်းစာ၏ အထူးသတင်းထောက် အဖြစ်လည်း ဆောင်ရွက်၍ မြန်မာပြည်နှင့် ပတ်သက်သော သတင်းနှင့် ဆောင်းပါးများ ရေးသားခဲ့သည်။

၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့၌ ဘုရင်ခံခန့် ဝန်ကြီး၊ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင် အောင်ဆန်း အက်တလီ စာချုပ် ချုပ်ဆိုရေး မြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင်၊ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပင်လုံစာချုပ် ချုပ်ဆိုရေး မြန်မာကိုယ်စားလှယ်၊ ရီးဝီလျံ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သော နယ်ခြားဒေသ စုံစမ်းရေး ကော်မတီ အဖွဲ့ဝင်၊ ၁၉၄၇ ခုနှစ်၊ ဧပြီလတွင် တိုင်းပြုပြည်ပြု လွှတ်တော် (ဟင်္သ࿿ာတခရိုင်) အမတ်၊ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင်၊ အခြေခံဥပဒေ အချောကိုင် ကော်မတီ အဖွဲ့ဝင်၊ ၁၉၄၇ ခုနှစ်၊ ဇွန်လတွင် အင်္ဂ္လန်သွား မြန်မာ ချစ်ကြည်ရေး အဖွဲ့ဝင်၊ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်တွင် လန်ဒန် မြန်မာပြည်ဆိုင်ရာ ကော်မရှင်နာ မင်းကြီး၊ ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလတွင် သခင်နု (ဦးနု) ဦးဆောင်သော ကြားဖြတ်အစိုးရ ဘဏ္ဍဍာရေး ဝန်ကြီး၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရ၏ နိုင်ငံခြားရေး ဝန်ကြီး၊ ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်တွင် မြန်မာ့ အရန်တပ်မတော် တပ်မင်းကြီး တာဝန်များကို ယူခဲ့သည်။

ဦးတင်ထွဋ်သည် မြန်မာလူမျိုးထဲမှ ‌ရှေးဦးစွာအိန္ဒိယ ပဋိ ညာဉ်ခံ ဝန်ထမ်း(အိုင်စီအက်) ရာထူးကို ၇ရှိခဲ့သူဖြစ်သည်။ အ‌ရေးပိုင်ဦးဖိန်း၏ သားကြီးဩရဿဖြစ်၍ မြင်းခြံမြို့တွင် ၁၈၉၅ ခုနှစ် ‌ဖေ‌ဖေါ်ဝါရီလ ၁ ရက်‌နေ့၌ ဖွားမြင်သည်။ ငယ် စဉ်က ရန်ကုန်မြို့ စိန်‌ပေါအထက်တန်း‌ကျောင်း၊ ပဲခူးမြို့ အစိုးရ အထက်တန်း‌ကျောင်း၊ ရန်ကုန်မြို့ အစိုးရအထက်တန်း‌ကျောင်း နှင့် ရန်ကုန်‌ကောလိပ်တို့တွင် ပညာသင်ကြားခဲ့သည်။ ထို ‌နောက် အဂင်္လ္န်ပြည်သို့သွား‌ရောက်ကာ ကိမ်းဗရစ်တက္ကသိုလ် ဒါးလစ်‌ကောလိပ်နှင့် ဘုရင်မ‌ကောလိပ်တို့တွင် ဆက်လက် ပညာသင်ကြားခဲ့ရာ စာ‌မေးပွဲများ၌ ထူးချွန်စွာ ‌အောင်မြင်ခဲ့၍ ၁၉၂၀ ပြည့်နှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ၇ရှိခဲ့သည်။ ထိုမှတဖန် အိုင်ယာလန်ပြည် ဒဗ္ဗလင်မြို့ရှိ ထရင်နီတီ‌ကောလိပ်‌ကျောင်းနှင့် အင်ဒိုမြို့ရှိ အိန္ဒိယစစ်တက္ကသိုလ်တို့သို့လည်း ထက်‌ရောက်သင် ကြားခဲ့သည်။

ဝတ်လုံ‌တော်ရ စာ‌မေးပွဲကိုလည်း ‌အောင်မြင်ခဲ့ သည်။ ဦးတင်ထွဋ်သည် ကစားခုန်ကစားဘက်တွင်လည်း ဘုရင်မ‌ကောလိပ်၏ ရပ်ဂဗီ‌ဘောလုံးအသင်း၌ ကပ္ပိတိန်အဖြစ် ‌ဆောင်ရွက်ခဲ့ရခြင်းကို ‌ထောက်ရှု၍ ထူးချွန်သည်ဟု ဆို၇‌ပေမည်။

ဦးတင်ထွဋ်သည် ၁၉၄၆ ခုနှစ်တွင် အိန္ဒိယပဋိညာဉ်ခံ ဝန်ထမ်းရာထူးမှ ပင်စင်ယူပြီး‌နောက် ဖ-ဆ-ပ-လအဖွဲ့သို့ ဝင်ခဲ့သည်။ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်‌နေ့တွင် ဖဆပလ အဖွဲ့‌ခေါင်း‌ဆောင် ဗိုလ်ချုပ်‌အောင်ဆန်း ဦး‌ဆောင်၍ ဘုရင်ခံ၏ အမှု‌ဆောင်‌ကောင်စီအဖွဲ့ ဖွဲ့စည်း‌သောအခါ ဦးတင်ထွဋ်သည် ဘဏ္ဍဍာ‌ရေးနှင့် အခွန်‌တော်ဌာန ဝန်ကြီးဖြစ် လာခဲ့သည်။ ၁၉၄ရ ခုနှစ် ဇန္နဝါရီလတွင် ဗိုလ်ချုပ်‌အောင်ဆန်း ‌ခေါင်း‌ဆောင်‌သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာပြည် သို့အာဏာများ လွှဲ‌ပြောင်း‌ပေး‌ရေးအတွက် လန်ဒန်မြို့သို့ သွား ‌ရောက်‌ဆွေး‌နွေးရာတွင် ဦးတင်ထွဋ်သည် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့ရသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဦးတင်ထွဋ် သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၊ ဆာမောင်ကြီး၊  ဦးအောင်ဇံဝေ၊ ဗိုလ်ခင်မောင်ကလေး၊ သခင်ဝတင်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မင်းလွင်၊ ဦးကိုကိုလေး၊ မြို့မ ဦးသန်းကြွယ်၊ ဒေါက်တာ စိန်မြမောင်၊ ဗိုလ်သိမ်းဆွေ၊ ဦးတင်ညွန့်၊ ဦးမောင်မောင် စသော  မြန်မာကိုယ်စားလှယ်များ နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင် ဦးဆောင်ပါဝင်ခဲ့သည်။

၁၉၄ရ ခုနှစ် ဧပြီလတွင် တိုင်းပြည်ပြုလွှတ်‌တော်‌ရွေး ‌ကောက်ပွဲများ ကျင်းပ‌သောအခါ ဦးတင်ထွဋ်သည် ဟင်္သ࿿ာတ မြို့မ မဲဆန္ဒနယ်မှ ‌ရွေး‌ကောက်တင်‌မြှောက်ခြင်းခံရသည်။ ၁၉၄ရ ခုနှစ် ‌အောက်တိုဘာလတွင် မြန်မာပြည် လွတ်လပ်‌ရေး အတွက်‌ဆွေး‌နွေးရန် ဝန်ကြီးချုပ် သခင်နု‌ခေါင်း‌ဆောင်‌သော မြန်မာကိုယ်စားလှယ်အဖွဲ့ အဂင်္လ္န်ပြည် လန်ဒန်မြို့သို့ သွား ‌ရောက်ခဲ့ရာ၌လည်း ဦးတင်ထွဋ်သည်အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင် ခဲ့သည်။ ထိုသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် နှစ်ကြိမ်လုံး ပါဝင်ခဲ့ရာ၌ ဦးတင်ထွဋ်သည် ဘဏ္ဍဍာ‌ရေးဆိုင်ရာ ကိစ္စများ တွင် အကူအညီ များစွာ‌ပေးနိုင်ခဲ့သည်ဟု ဆို‌လေသည်။

ဦးတင်ထွဋ်သည် မြန်မာနိုင်ငံ လွတ်လပ်‌ရေးရပြီး‌နောက် ဖ-ဆ-ပ-လအစိုးရအဖွဲ့တွင် နိုင်ငံခြား‌ရေး ဝန်ကြီးအဖြစ် ဆက် လက်‌ဆောင်ရွက်ခဲ့သည်။ ၁၉၄၈ ခုနှစ် စက်တင်ဘာလတွင် ဝန်ကြီးရာထူးမှနုတ်ထွက်၍ စစ်တပ်တွင် ဗိုလ်မှုးချုပ် အဖြစ် ပါဝင်ကာ အရံတပ်မ‌တော် စု‌ဆောင်းထူ‌ထောင်‌နေချိန်၌ လုပ်ကြံ ခံ၇‌သော‌ကြောင့် ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်‌နေ့ တွင် ရန်ကုန်‌ဆေးရုံကြီး၌ ကွယ်လွန်သွား‌လေသည်။

ဦးတင်ထွဋ်သည် ကိုလိုနီခေတ်အတွင်း မြန်မာ တိုင်းရင်းသားများထဲမှ အိန္ဒိယ ပဋိညာဉ်ခံဝန်ထမ်း (အိုင်စီအက်စ်) အဖြစ် ပထမဆုံး ရွေးချယ်ခန့်ထားခဲ့ရသူ ဖြစ်သည်။ အုပ်ချုပ်ရေး စာရင်းအင်းနှင့် ဥပဒေ ပညာရပ်များကို အင်္ဂ္လန်တက္ကသိုလ်တွင် လေ့လာဆည်းပူးခဲ့၍ အထူးချွန်ဆုံး ဝန်ထမ်းတစ်ဦး ဖြစ်သည်။ ၁၉၄၁ ခုနှစ်တွင် ဒိုမေနီယန် အုပ်ချုပ်ရေး တောင်းရန် အင်္ဂ္လန်သို့ သွားသည့် နန်းရင်းဝန် ဦးစော၏ အကြံပေးအဖြစ် တာဝန်ယူခဲ့ရသည်။ ဒုတိယကမ္ဘာစစ် အပြီး အိုင်စီအက်စ် ဝန်ထမ်းဘဝမှ နုတ်ထွက်၍ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ လက်ထက်၌ ဘဏ္ဍဍာရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး အတွက် နောက်ဆုံး နှလုံးရည်တိုက်ပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ ဦးဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

ထိုသို့ တာဝန်ယူနေစဉ် ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် နယူတိုင်းမ်အော့ဖ် ဘာမား သတင်းစာတိုက်မှ နေအိမ်အပြန် ကားပေါ်အတက်တွင် ဗုံးခွဲ လုပ်ကြံခံခဲ့ရသည်။

ဘဝနိဂုံး


အိုင်စီအက်စ် ဦးတင်ထွဋ်သည် ဗုံးဒဏ်ရာဖြင့် ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် ည ၇ နာရီ ၃၅ မိနစ်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်သန်းတင်နှင့် သမီး ၃ ယောက် ကျန်ရစ်သည်။

ကိုးကား

     * https://www.facebook.com/notes/kyaw-naing/%E1%80%95%E1%80%84%E1%80%B9%E1%80%9C%E1%80%B6%E1%80%AF%E1%80%87%E1%80%AC%E1%80%90%E1%80%B9%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%9C%E1%80%B7%E1%80%9C%E1%80%AC%E1%80%B1%E1%80%9E%E1%80%AC%E1%80%B9/603280379685955
(သန်းဝင်းလှိုင် ဇန်န၀ါရီ ၂၇၊ ၂၀၁၃)

    *၁၉၇၂ ခုနှစ်ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသော ပင်လုံညီလာခံ သမိုင်းစဉ်စာမျက်နှာ ၁၃၈
    *၁၉၈၀မေမြို့ချစ်ဆွေ ရေးသား ပြုစုခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း
   * မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)
    *၂၀၁၀၊ မတ်လမှာ UNITY စာပေမှ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေတဲ့ မောင်ဇေယျာ ရေးသားတဲ့ 'မြန်မာလူကျော် ၁၀ဝ (ပထမအုပ်)' စာအုပ်မှ