Pages

မြို့မ ဦးသန်းကြွယ် (ပင်လုံစာချုပ်) Myoma U Than Kywe (Panglong Agreement) (Burmese language version)


Click here to read in English language version.




 မြို့ မ ဦးသန်းကြွယ် (ပင်လုံစာချုပ်) 

 Myoma U Than Kywe (Panglong Agreement)







မြေပိုင်ရှင်သူဌေး အဖ ဦးစိန်၊ အမိ ဒေါ်စိန်ကျော့ တို့မှ ၁၉၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့ သုံးခွမြို့ နယ်၊ ရန်ကုန်တိုင်း 
တွင် မြို့ မ-ဦးသန်းကြွယ်ကို မွေးဖွားခဲ့သည်။ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင် ဖြစ်သည်။မွေးချင်းမောင်နှမ ၇ ဦး ( ဦးမောင်မောင်၊ သခင် သိန်းထွန်း (ဗိုလ်သိန်းထွန်း)၊ ဒေါ်ညွန့်ခင်၊ မြို့ မ-ဦးသန်းကြွယ်၊ ဗိုလ်မျိုးမြင့်၊ ဗိုလ်မျိုးသန့်နှင့် ဦးတင်ထွဋ်) တို့ တွင် မြို့ မ-ဦးသန်းကြွယ် သည် စတုတ္ထ ဖြစ်သည်။


















ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ ဥက္ကဌ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဌ 
 မြို့ မ ကျောင်းသားများ သမဂ္ဂ ဥက္ကဌ ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ ဥက္ကဌ ဖြစ်ခဲ့သည်။ တက္ကသိုလ်ကျောင်းသား သံမဏိတပ် နှင့် မြို့ မ ရဲခေါင်တပ်ဖွဲ့ တွင်ခေါင်းဆောင်ခဲ့သည်။ ထိုစဉ်က မြို့ မ အထက်တန်းကျောင်း ကျောင်းအုပ် ဆရာကြီးမှာ မြို့ မ ဦးဘလွင် ဖြစ်သည်။


မြို့ မ အထက်တန်းကျောင်းသည် ရန်ကုန်မြို့  တွင် တည်ရှိသည်။ ဒီဇင်ဘာ ၁၉၂၀ ပြည့်နှစ် ရန်ကုန်မြို့  ဗဟန်း မြို့ နယ်တွင်စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင်လွန်စွာထင်ရှား၏။




တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေးဆောင်ရွက်ရာတွင် ဗိုလ်သန်းကြွယ်၊ သခင်သန်းကြွယ်၊ မြို့ မ-ဦးသန်းကြွယ် (ပင်လုံစာချုပ်) အမည် ဖြင့်ထင်ရှားသည်။ ရန်ကုန်မြို့  မြို့ မ အထက်တန်းကျောင်းနှင့် ရန်ကုန်တက္ကသိုလ် တို့တွင် ပညာသင်ကြားခဲ့သည်။ 

ကလေးအရွယ်မှသည် သက်ဆုံးတိုင်အချိန်အထိ အရက်သေစာ အသောက်အစား ကင်းရှင်းသူ (teetotaler) တစ်ဦးဖြစ်သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(တကသ) ဥက္ကဌ ဦးဗဟိန်း နှင့် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(တကသ) အတွင်းရေးမှူး ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ်အောင်ကျော် စသော ကျောင်းသား ခေါင်းဆောင်များ နှင့် အတူ၁၃ဝဝ ပြည့် အရေးတော်ပုံ (၁၉၃၈ - ၃၉) ကျောင်းသားသပိတ် တွင် ပါဝင်လှုပ်ရှားခဲ့သည်။  

မြို့ မ-ဦးသန်းကြွယ်၏ နိုင်‌ငံရေးဘဝသည် ဒုတိယကမ္ဘာစစ် (၁၉၃၉ - ၁၉၄၅) ကာလ မှ စတင်‌ခဲ့သည်‌။


ဂျပန်ခေတ် အာရှလူငယ် အစည်းအရုံး ၁၉၃၉ - ၁၉၄၅ ကာလ

 သုံးခွမြို့ နယ် အာရှလူငယ် အစည်းအရုံး ပြန်ကြားရေးမှူး တာဝန်‌ကို ရယူခဲ့ချိန် ၁၉၄၂ ခုနှစ် (ဒုတိယကမ္ဘာစစ်အတွင်း) အာရှလူငယ် အစည်းအရုံး ဥက္ကဋ္ဌ (ပုဂံ) ဦးဘဂျမ်း၊ ဦးကျော်မြင့်ကလေး၊ ဦးဇော်ဝိတ်၊ သခင်ခင်အောင်၊ သခင်ညီလေး ၊ စသောပုဂ္ဂိုလ် များနှင့် အတူလူငယ်များ ဗလငါးတန်ပြည့်ဝရေး၊ စေတနာ့ဝန်ထမ်းလူမှုရေး၊ ပညာရေး လုပ်ငန်းများနှင့် ဖက်ဆစ်ဆန့်ကျင်ရေး လှို့ဝှက် လုပ်ငန်းများကို အများအပြား လုပ်ဆောင်ခဲ့သည်။ စာရိတ္တ‌ကောင်းမွန်ပြီး တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်၊ ပရဟိတလုပ်ငန်း‌ဆောင်ရွက်လို‌သော စိတ်ဓာတ်‌ တောင့်တင်းခိုင်မာလာ‌အောင် စည်းရုံးလျက် တိုင်းပြည်အတွက် လူ‌တော်လူ‌ကောင်း လုပ်သား ‌ကောင်းများ ‌ပေါ်ထွက်လာ‌စေရန် ပါဝင်လုပ်ဆောင်ခဲ့သည်။ ဖက်ဆစ် တော်လှန်ရေး တပ်ပေါင်းစု ပေါ်ထွန်းလာတဲ့အခါ အာရှလူငယ်အဖွဲ့အစည်းသည် အရေးပါသော လူငယ် အင်အားစု တရပ်အဖြစ်တတပ်တအား ပူးပေါင်းပါဝင်ကူညီဆောင်ရွက်နိုင်ခဲ့သည်။ 

မြို့ မ-ဦးသန်းကြွယ် သည် ဒုတိယကမ္ဘာစစ် (၁၉၃၉ - ၁၉၄၅) ဂျပန်ခေတ်တွင် ရန်ကုန်မြို့  နှင့် ဟံသာဝတီ ခရိုင်တို့ တွင် ဆရာကြီး မင်းသုဝဏ်၊ ပုဂံ ဦးဘဂျမ်း တို့နှင့်အတူ ပညာရေး၊ သမိုင်း၊ မျိုးချစ်စိတ်ဓါတ် နှင့် လွတ်လပ်ရေး ကြိုးပမ်းမှု အမျိုးသားရေး စာပေများပို့ချခဲ့သည်။ ကျောင်းအုပ်အဖြစ်ဦးဆောင်တာဝန်ယူခဲ့သည်။ ကျောင်းသား
လူငယ်များအား ပညာရေးကိုသာမက မျိုးချစ်စိတ်ဓါတ်၊ ဖက်ဆစ်ဆန့်ကျင်ရေး စိတ်ဓါတ်၊သိုင်းပညာကိုပါ သွတ်သွင်းသင်ကြားပေးခဲ့သည်။ 

ဂျပန်ခေတ် တွင်တစ်နိုင်ငံလုံးရှိလူငယ်များအား သိုင်းဆရာကြီး ဦးပြည်သိမ်း နှင့် သိုင်းဆရာကြီးဦးချစ်သန်း တို့နှင့်အတူ မြန်မာ့သိုင်းပညာ သင်ကြားပေး
ခဲ့သည်။ မြို့ မ-ဦးသန်းကြွယ် သည် ရန်ကုန်မြို့ ၊ ဗိုလ်တထောင်မြို့ နယ်၊ ၈၅၊ လမ်း (၅၀) ရှိ သူ၏၂ ထပ် နေအိမ်နှင့် ခြံဝင်းထဲတွင် လူမျိုးဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ကျောင်းသားလူငယ်များအား အခမဲ့ ပညာသင်ကြားပေးခဲ့သည်။ မိမိကိုယ်ပိုင်ငွေဖြင့် ကျွေးမွေးထောက်ပံ့ခဲ့သည်။ လူတိုင်း အပေါ် စေတနာ ထားတတ်သူ ဖြစ်၍ လူအများ၏ ချစ်ခင် လေးစားမှုကို ခံရသူ ဖြစ်သည်။ 

မြို့ မ-ဦးသန်းကြွယ် သည် ဂျပန်ခေတ်အာရှလူငယ်အစည်းအရုံး ပြန်ကြားရေးမှူး နှင့် ဘီအိုင်အေ ဗမာ့လွတ်လပ်ရေးတပ်မတော် နိုင်ငံရေးမှူး နှင့် စည်းရုံးရေးမှုးဖြစ်လာခဲ့သည်။ လွတ်လပ်ရေးကြိုးပမ်းမှုတွင် နယ်ချဲ့တို့၏ ဖိနှိပ်မှုအမျိုးမျိုးကြားမှ စွန့်စွန့်စားစား လုပ်ကိုင်ခဲ့သည်။ သူ၏ ကိုယ်ပိုင်ဂျစ်ကား အမှတ် -/၇၅၅ ကိုတော်လှန်ရေးကာလ လွတ်လပ်ရေးကြိုးပမ်းမှုကာလစစ်ဆင်ရေးများတွင် အသုံးပြုစေခဲ့သည်။


တို့ဗမာအစည်းအရုံးဗြိတိသျှ ကိုလိုနီ ဆန့်ကျင်ရေးအသင်းကြီးဖြစ်သည့် တို့ဗမာအစည်းအရုံး  
သုံးခွမြို့ နယ် ဥက္ကဌ အစ်ကို ဖြစ်သူ သခင် သိန်းထွန်း(ဗိုလ်သိန်းထွန်း) နှင့် အတူ သခင် သန်းကြွယ်အမည်ဖြင့် တို့ဗမာအစည်းအရုံး အဖွဲ့ဝင်၊ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) အဖွဲ့ဝင် ဖြစ်ခဲ့သည်။ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ်အတွင်းအစ်ကို ဖြစ်သူ ဦးမောင်မောင်၊ သခင် သိန်းထွန်း(ဗိုလ်သိန်းထွန်း)၊ ညီဖြစ်သူ ဗိုလ်မျိုးမြင့် နှင့် ဗိုလ်မျိုးသန့် တို့ကလည်း မြို့မ-ဦးသန်းကြွယ် နှင့်အတူ စွန့်စွန့်စားစား ပါဝင်ဆောင်ရွက်ခဲ့၏။ 

၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဂျပန်ကို စတင် တော်လှန်ကြကုန်သည်။ ထိုတော်လှန်ရေးကြီးအတွင်း တိုင်းပြည်နှင့် လူမျိုးအတွက် အသက်နှင့် လဲသွားကြရှာသူများလည်း အမြောက်အမြားပင် ရှိခဲ့ကြ၏။ ခြေ၊ လက်၊ မျက်စိ စသည်တို့ကို စွန့်လွတ်ပေးလှူခဲ့ကြသူများလည်း အမြောက်အမြားပင် ရှိခဲ့ကြ၏။ သေကံမရောက် သက်မပျောက်သဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက် ဆက်လက်ထမ်းဆောင်ခွင့် ရရှိနေကြ သူများလည်း အမြောက်အမြားပင် ရှိနေကြ၏။


ဒုတိယကမ္ဘာစစ်အတွင်းလူငယ်များအား
 မြို့မ ဦးသန်းကြွယ် ဟောပြောဆုံးမလေ့ရှိသော 
သံပေါက် (၁၁) ချက်



    မိခင် ဖခင်၊ ကျေးဇူးရှင်၊ မြဲပင်နိစ္စ ချစ်ပါကြ။
   
နှမရင်းလို၊ ညီအကို၊ ကြည်ညိုရွှင်ပျ ကြင်နာကြ။
   
အများသူငါ၊ ဆက်ဆံရာ၊ ကိုယ်နှုတ်နှလုံးယဉ်ကျေးကြ။
   
မယားနှင့်လင်၊ စိတ်ပျော်ရွှင်၊ အစဉ်ထာဝရ ကြည်သာကြ။
   
မိတ်ဆွေရင်းချာ၊ ပေါင်းသောအခါ၊ သစ္စာဓမ္မ စောင့်ထိန်းကြ။
   
ဣနြေ္ဒ သိက္ခာ၊ စောင့်စည်းပါ၊ လိုရာဆန္ဒ ဆင်ခြင်ကြ။
   
အားလုံးသတ္တဝါ၊ ကိုယ်ချင်းစာ၊ မေတ္တာဝေငှ၊ သနားကြ။
   
အတတ်ပညာ၊ သင်ကြားခါ၊ ကျင့်စာရိတ္တ၊ ကောင်းမွန်ကြ။
   
အများကောင်းရာ၊ သယ်ပိုးကာ၊ မြဲစွာလုံ့လ၊ ပြုပါကြ။
   
ပြည်သူ့ဥပဒေ၊ အထွေထွေ၊ ရိုသေစွာပ၊ လိုက်နာကြ။
   
လူမျိုးတွက်တာ၊ ကြုံ ကြိုက်လာ၊ ညီညာဖျဖျ၊ စွန့်စားကြ။



မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု ကျောင်းသားခေါင်းဆောင်
မြို့ မ-ဦးသန်းကြွယ် သည်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ ဥက္ကဌ နှင့် ထင်ရှားသော မြန်မာ နိုင်ငံရေးသမား ဖြစ်ခဲ့သည်။ ကျောင်းသားသမဂ္ဂများ၏ ရည်ရွယ်ချက်မှာ ကျောင်းသူ ကျောင်းသား များ၏ အခွင့်အရေး ကာကွယ်ရန်နှင့် ရသင့် ရထိုက်သော အခွင့်အရေး များကို စုပေါင်း တောင်းဆိုရန် ဖြစ်သည်။ ကိုလိုနီခေတ် ပညာရေးကို တိုက်ဖျက်ပြီး သခင် ပညာရေး စနစ် ထူထောင်ရန်လည်း ချမှတ် ထားသည်။ 
နယ်ချဲ့စနစ် ဆန့်ကျင်ရေးနှင့် အမျိုးသား လွတ်မြောက်ရေး ရည်ရွယ်ချက်လည်း ပါသည်။ ထို ရည်ရွယ်ချက် များကို တနိုင်ငံလုံးမှ ကျောင်းသားများ စုပေါင်း အကောင်အထည် ဖော်နိုင်ရန် ဗကသမှ ကြီးမှူး၍ မြန်မာနိုင်ငံ အနှံ့ရှိ ကျောင်းများတွင် ကျောင်းသား သမဂ္ဂများ ထူထောင် ပေးခဲ့သည်။ ဗကသနှင့် ကျောင်းသား သမဂ္ဂ များက ဦးဆောင်၍ ရန်ကုန်မြို့  မြို့ မ အထက်တန်းကျောင်းတွင် နှစ်စဉ် အမျိုးသားနေ့ အောင်ပွဲ နေ့များကို ကျင်းပ ကြသည်။ 

နယ်ချဲ့ ဆန့်ကျင်ရေး၊ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ (၁၁ -၁၉၄၇) အတွင်း ထင်ရှားခဲ့ကြသော ဗကသ ခေါင်းဆောင်၊ တကသခေါင်းဆောင်များတွင် ဗိုလ်ချုပ်အောင်ဆန်း၊ ကိုဗဟိန်း၊ ဦးဗဆွေ၊ ဦးနု၊ မြို့ မ-ဦးသန်းကြွယ်၊ သူရိယ ဦးသန်းမောင်၊ ဒေါက်တာ
သန်းထွန်း၊ အာဏာရှင် လှရွှေ၊ လင်းယုန်နီ၊ လင်းယုန်မောင်မောင်၊ ဦးရန်ဝေး၊ ဒေါက်တာ
မောင်မောင်ကျော်၊ ဦးစိန်လှ စသောကျောင်းသားခေါင်းဆောင်တို့ပါဝင်သည်။

စစ်ပြီးခေတ် မြန်မာနိုင်ငံ၏ အမျိုးသား နိုင်ငံရေးတပ်ဦးကြီးသဖွယ် နိုင်ငံတွင်းသာမဟုတ် ကမ္ဘာတလွှား၌ပင် ထင်ရှားခဲ့သော အဖွဲ့ချုပ်ကြီးမှာ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်(ဖဆပလ) ဖြစ်သည်။ မြို့ မ-ဦးသန်းကြွယ် သည်ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့
လွတ်လပ်ရေး အဖွဲ့ချုပ်(ဖဆပလ)တွင် ၁၉၄၂ မှ ၁၉၄၈ အထိ အဖွဲ့ဝင် နှင့် ဗဟိုအမှုဆောင်ကော်မတီဝင် အဖြစ် ဦးဆောင် တာဝန်ယူပါဝင်ခဲ့သည်။ ၁၉၄၆ ခုနစ် အထွေထွေ သပိတ်ကြီးတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ သပိတ်မှောက်ကောင်စီ ဒုတိယဥက္ကဌ အဖြစ်ဦးဆောင် ပါဝင်ခဲ့သည်။



အထွေထွေ သပိတ်
၁၉၄၆ ခုနစ် အထွေထွေ သပိတ် (1946 General Strike of Burma) တွင် မြို့ မ-ဦးသန်းကြွယ် သည် ရန်ကုန်မြို့  နှင့် မြန်မာနိုင်ငံကျောင်းသားထု တစ်ရပ်လုံးအား ဦးဆောင်ပြီး အတွင်းဝန်ရုံးအပြင်ဘက်တွင် သာမက အတွင်းဝန်ရုံးအတွင်း ဝင်၍ ဦးဆောင်ဆန္ဒပြ ရဲရဲတောက် အရေးဆိုခဲ့သည်။  ဗြိတိသျှအစိုးရ အတွင်းဝန်ရုံး သည် ယနေ့ ခေတ် ရန်ကုန်မြို့  ဝန်ကြီးများရုံး ဖြစ်သည်။ ဗိုလ်အောင်ကျော်လမ်း တွင်တည်ရှိသည်။ မြန်မာနိုင်ငံကျောင်းသားထု တစ်ရပ်လုံးအား ဦးဆောင်ခဲ့သည်။  လင်းယုန်မောင်မောင်၊ သူရိယ ဦး သန်းမောင်၊ ဦးသာထွန်း (ရှေ့နေချုပ်)၊ ဦးသန်းဆွေ (သံအမတ်ကြီး ဦးသန်းဆွေ)၊ ဦးမျိုးမြင့် (မြို့ မ-ဦးသန်းကြွယ်၏ညီ၊ O.T.S အပတ်စဉ် ၈၊ လူထု ပညာရေးမှူး)၊ ဦးမျိုးသန့် (မြို့မ ဦးသန်းကြွယ် ၏ ညီ ပါလီမန်ဒီမိုကရေစီ ဝန်ကြီးချုပ် ဦးနု အစိုးရ၏ သတင်း ပြန်ကြားရေးမှူး၊ မန်းနေးဂျင်း ဒါရိုက်တာ ဘီအိုစီ)၊ ဦးရဲမြင့် (ဗိုလ်ကြီးရဲမြင့်အောင်)၊ ဒေါက်တာ သန်းထွန်း (သမိုင်းပါမောက္ခ)၊ ဦးညွန့်လွင် (ဗိုလ်မှူးညွန့်လွင်)၊ သံမဏိ ဦးကျင်လှိုင် (ဆောက်လုပ်ရေး ဒုတိယ ဝန်ကြီး)၊ ဦးရန်ဝေး၊ ဒေါက်တာ မောင်မောင်ကျော်၊ ဦးစိန်လှ၊ ဦးရွှေတင် (ရေကြောင်းသိပ္ပံကျောင်းအုပ်ကြီး Captain ရွှေတင်) စသော ကျောင်းသားခေါင်းဆောင် များသည်လည်း တက်ကြွစွာ ပါဝင်ခဲ့ကြသည်။

အဆိုပါ ၁၉၄၆ ခုနစ်၊ စက်တင်ဘာလ အထွေထွေသပိတ်ကြီးသည် မြန်မာနိုင်ငံ
သို့ ဗြိတိသျှဘုရင်ခံအသစ် ဆာဟူးဘတ်ရန့်စ် ရောက်ရှိပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။  ဦးအေး၊ ဦးစိုးရှိန်၊ ဦးဝမ်းမောင်၊ မြို့မ-ဦးသန်းကြွယ်၊ စာတိုက်ဦးထွန်းတို့ ခေါင်းဆောင်သည့် (ပုလိပ်သပိတ်၊ ကျောင်းသားသပိတ်၊ စာတိုက်အလုပ်သမားများ သပိတ်၊ သမဂ္ဂပေါင်းစုံသပိတ်) အထွေထွေသပိတ်များဖြင့် သပိတ်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကြီးတစ်ခုလုံး ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့သည်။ အထွေထွေသပိတ်ကြောင့် ဆာပေါ်ထွန်းခေါင်းဆောင်သော ရုပ်သေးအစိုးရ ပြုတ်ကျခဲ့သည်။  ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် က ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ပြီး ဘုရင်ခံအလုပ်အမှုဆောင်(ဝန်ကြီး) အဖွဲ့ကို ဖွဲ့စည်းရန် မေတ္တာရပ်ခံခဲ့သည်။ 

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မျိုးချစ် ပုဂ္ဂိုလ်များ ဘုရင်ခံ အလုပ်အမှုဆောင်အဖွဲ့ တွင် ပါဝင်နိုင်ခဲ့သည်။ အရှေ့တောင်အာရှအတွက် မဟာမိတ် စစ်သေနာပတိ ဗိုလ်ချုပ် လော့မောင့် ဗက်တန် ကပင် ဖဆပလအဖွဲ့ကြီးသည် ဂျပန်ကို တော်လှန်သော အင်အားစုမျှသာမက အမျိုးသားတပ်ဦးကြီးတစ်ခုအဖြစ် တည်ရှိနေကြောင်း ယင်းအဖွဲ့ခေါင်းဆောင်များသည် မျိုးချစ်စိတ်ထက်သန်၍ ထထကြွကြွဆောင်ရွက်နိုင်သူများဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရသစ် ဖွဲ့စည်းသည့်အခါ ဖဆပလမှ ကိုယ်စားလှယ်များကိုလည်း ထည့်သွင်းသင့်ကြောင်း လန်ဒန်မြို့ ရှိ မဟာမိတ်စစ်ဦးစီးအဖွဲ့သို့ အကြံပေးခဲ့သည်အထိ ဖဆပလ ၏ ဂုဏ်သတင်းသည် ပျံ့သင်းကျော်စောခဲ့သည်။

 မြို့မ ဦးသန်းကြွယ်သည် ၁၉၄၆မှ၁၉၄၈ အထိ မြန်မာနိုင်ငံ
လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ 
ဒုတိယ ဥက္ကဌ နှင့် ဥက္ကဌ ၊ ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ ဥက္ကဌ၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယ ဥက္ကဌ နှင့် မြို့ မကျောင်းသားများ သမဂ္ဂ ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သည်။  

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦး လည်းဖြစ်သည်။   ၁၉၄၇ ခုနစ်တွင် မူလတန်းပညာ မသင်မနေရ ဥပဒေ နှင့် အခမဲ့ ပညာရေးစနစ် ကို ပညာရေးဝန်ကြီး ဗိုလ်မှူးဖိုးကွန်းနှင့် အတူ စတင် အကောင်အထည် ဖော်ခဲ့သည်။




မြို့မ ဦးသန်းကြွယ် (ပင်လုံစာချုပ်) နှင့် ပင်လုံညီလာခံ

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် မြို့မ ဦးသန်းကြွယ် သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၊ ဆာမောင်ကြီး၊ ဦးတင်ထွဋ်၊ ဦးအောင်ဇံဝေ၊ ဗိုလ်ခင်မောင်ကလေး၊ သခင်ဝတင်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မင်းလွင်၊ ဦးကိုကိုလေး၊ ဒေါက်တာ စိန်မြမောင်၊ ဗိုလ်သိမ်းဆွေ၊ ဦးတင်ညွန့်၊ ဦးမောင်မောင် စသော  မြန်မာကိုယ်စားလှယ်များ အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ သမိုင်းဝင် ပင်လုံညီလာခံ တွင်ကိုယ်စားလှယ် အဖြစ် ပါဝင် ခဲ့သည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်  ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်သည်။ နှစ်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ထားပြီး ရုံးများ၊ ကျောင်းများပိတ်ကာ အထိန်းအမှတ်ပွဲများ ကျင်းပကြသည်။ တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီး၊သက်ကြီးတက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီး၊ တက္ကသိုလ်ကျောင်းသားရေးရာ ဌာနမှူး၊ လူငယ် နှင့် ကျောင်းသားလူငယ်ရေးရာ ဌာနမှူး၊ မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီး နှင့်
သုံးခွမြို့နယ်အသင်း နာယကကြီး ဖြစ်ခဲ့သည်။ 

ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ စဝ်ရွှေသိုက်၊ (နိုင်ငံတော်သမ္မတ)၊ ဦးဗဆွေ၊ ဗိုလ်လကျာ်၊ ဦးကျော်ငြိမ်း၊ ဦးကျော်မြင့်ကလေး၊ သခင်ကျော်ထွန်း၊ သံမဏိ ဗိုလ်ခင်မောင်၊ ဗိုလ်ခင်မောင်ကလေး၊ သခင်ပန်းမြိုင်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးဖိုးကွန်း၊ ဗိုလ်မင်းခေါင်၊ သခင်လှမောင် (ဗိုလ်ဇေယျ)၊ ဗိုလ်မှူးစိန်မှန်၊ ဗိုလ်မှူးချုပ်အောင်ကြီး (သခင်အောင်ကြီး) တို့နှင့်အတူ မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းမှုတွင် စွန့်စွန့်စားစား ပါဝင်ခဲ့သည်။


မြို့ မ-ဦးသန်းကြွယ် ဦးဆောင်ကျင်းပခဲ့သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး အာဇာနည်နေ့ အခမ်းအနား   



 ဗိုလ်ချုပ်အောင်ဆန်း အမှုး ပြုသော အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက်တစ်နေ့ ၁၉၄၇၊ ဇူလိုင် ၂၀ တွင်ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးရှိ ဖိုက်စကွဲယား (ယခု) မဟာဗန္ဓုလ ပန်းခြံ၌ နိုင်ငံတော်ဈာပန ဗဟိုကော်မတီဝင်မြို့ မ-ဦးသန်းကြွယ်သည်ကျောင်းသား
နှင့်ပြည်သူတစ်သိန်းကျော် ကိုဦးဆောင်ပြီး "လူသတ်ဝါဒရှုတ်ချ ပွဲ" ကို 
စတင်ဦးဆောင် ကျင်းပခဲ့သည်။ ထိုနေ့သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အာဇာနည်နေ့ အခမ်းအနားဖြစ်သည်။ ဇူလိုင် ၁၉ ရက်ကို အာဇာနည်နေ့ အဖြစ် နှစ်စဉ် အခမ်းအနားကျင်းပ ကြသည်။
နိုင်ငံတော် စီးပွားကုန်သွယ်ရေး အဖွဲ့ (စပကသ) ဌာနချုပ် အထွေထွေ အတွင်းရေးမှူးချုပ် နှင့် ဥက္ကဌ အဖြစ် ၁၉၄၈ မှ ၁၆၃ အထိ တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ ရန်ကုန်မြို့  တော် မြူနီစီပယ်လူကြီး နှင့် ရန်ကုန်မြို့  တော်မြူနီစီပယ်အုပ်ချုပ်ရေးကောင်စီ Rangoon Municipal Committee ဌာနမှူး၊ ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများအစည်းအရုံး (ဗတလစ) ဌာနချုပ် ၊ ရန်ကုန်တိုင်း နှင့် ဟံသာဝတီခရိုင်တို့ တွင် ဦးစီး ဦးဆောင်ခဲ့သည်။ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်(ဖဆပလ) တွင် ၁၉၄၂ မှ ၁၉၄၈ အထိ အဖွဲ့ဝင်၊ ဗဟိုဦးစီး ကော်မတီဝင် နှင့် ဌာနချုပ် ဗဟိုအမှုဆောင်ကော်မတီဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော် အစိုးရက ပြည်သူပိုင်သိမ်းခဲ့ရာ
တွင် မြို့ မ-ဦးသန်းကြွယ် ပိုင်ဆိုင်သော လယ်ဧက (၈၀ဝ) ကျော် ပြည်သူပိုင် အသိမ်းခံခဲ့ရသည်။

အိမ်ထောင်ရေး
၁၉၅၂ ခုနှစ်တွင် ရန်ကုန်မြို့  ဗိုလ်တထောင်မြိုနယ် ကရိလမ်း (ဗိုလ်မြတ်ထွန်းလမ်း) နေ ဟင်္သာတမြို့  ဆန်စက်ပိုင်ရှင် ဥက္ကလာဦး စေတီဘုရားတကာ ဦးဘဦး + ပေါင်းတည်မြို့  ဆန်စက် ပိုင်ရှင် ဒေါ်တင်လှ (ပန်းကန်စက် ဦးသော် ၏ ညီမအရင်း) တို့၏သမီးဖြစ်သူ မြို့ မကျောင်းသူဟောင်း ဒေါ်မြင့်မြင့်ဝင်း (ခေါ်) ဒေါ်အမာ နှင့် ထိမ်းမြှားလက်ထပ်ခဲ့သည်။ ဇနီးဖြစ်သူမှာ ဗုဒ္ဓဘာသာကို အထူးကိုင်းရှိုင်း သော အမျိုးသမီးကောင်းတစ်ဦးဖြစ်သည်။ ချမ်းသာကြွယ်ဝပြီး ဆွေကြီးမျိုးကြီးဖြစ်သော်လည်း မင်္ဂ္လာတရား တော်နှင့်အညီ မည်သူ့ကိုမျှ မောက်ကြွားဝင့်ဝါခြင်းမရှိ၊ မာန်မာနထားခြင်းမရှိ၊ ခြိုးခြံစွာကျင့်သုံးနေထိုင်၍ လှူသင့်လှူထိုက် ပေးသင့်ပေးထိုက်သူအား ရက်ရောစွာ ပေးကမ်းလှူဒါန်းတတ်သည်။ လူကြီး-လူငယ်မရွေး၊ ဆင်းရဲ-ချမ်းသာမရွေး၊ လူမျိုး-ဘာသာမရွေး လူအားလုံးကို မေတ္တာစိတ်ဖြင့် လှိုက်လှဲပျူငှာစွာ ဆက်ဆံပြောဆိုလေ့ရှိသည်။ အထူးသဖြင့် မြတ်ဗုဒ္ဓ ၏ အဆုံးအမ တရားတော်တို့ကို ပုံပြင်ဝတ္တုများဖြင့် သားသမီးများကိုသာမက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအား မကြာခဏ ရှင်းလင်းပြောပြလေ့ရှိသည်။ ဘာသာရေးသာမက မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံ များ၊ မျိုးချစ်စိတ်ဓာတ် မြင့်မားရေးဆိုင်ရာများ၊ လူမှုရေးဆက်ဆံရေးဆိုင်ရာ ဝတ္တရားများ၊ မေတ္တာ၊ ဂရုဏာ၊ သည်းခံခြင်း နှင့် ကိုယ်ကျင့်သီလဆိုင်ရာများ ရှင်းလင်းသင်ပြလေ့ရှိသည်။ မိုးကုတ် ဝိပဿ     နာ တရားကို ၁၉၈၀ ပြည့်နှစ် ခန့်မှ ကွယ်လွန်ချိန်၂၂ စက်တင်ဘာ ၂၀၁၂ ထိ နှစ်ပေါင်း ၃၀ ကျော် ကျင့်ကြံအားထုတ်ခဲ့ သော ဝိပဿ     နာ ယောဂီဖြစ်သည်။


မြို့ မကျောင်း အုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီး 
မြို့ မ-ဦးသန်းကြွယ် နှင့် ဗုဒ္ဓဘာသာ
မြို့ မ-ဦးသန်းကြွယ် သည် ထေရဝါဒ ဗုဒ္ဓဘာသာ ကိုင်းရှိုင်းသူဖြစ်သည်။ အလွန်ရိုးသားဖြောင့်မတ်သူအဖြစ် နာမည်ကောင်း ရှိသည်။ ဆဋ္ဌမအကြိမ် သင်္ဂါယနာ ပွဲ အတွက် ကမ္ဘာအေးစေတီ နှင့် မဟာပါသဏလိုဏ်ဂူတော်တို့ကို တည်ဆောက် ရာတွင် ဝန်ကြီးချုပ် ဦးနု နှင့်အတူ ဦးဆောင်ပါဝင်ခဲ့ပြီး (၃) နှစ် တိတိ အဓိဋ္ဌာန်ဖြင့် အသက်သတ်လွတ်စားခဲ့သည်။ 


၁၉၅၄-၁၉၅၆ ခုနှစ်တွင် ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်းကို အောင်မြင်စွာ ကျင်းပခဲ့ ရာတွင် ဝန်ကြီးချုပ် ဦးနု နှင့်အတူ ပါဝင် ဦးဆောင် ခဲ့သည်။ ဗိုလ်တစ်ထောင်ဘုရား ပြုပြင်ခဲ့ ရာတွင် ဝန်ကြီးချုပ် ဦးနု နှင့် ဥက္ကဌကြီး ဆာဦးသွင် နှင့်အတူ ပါဝင် ဦးဆောင် ခဲ့သည်။ ဦးဗဆွေ ဦးစီး တည်ထား ကိုးကွယ်ခဲ့သော သင်္ဃ္န်းကျွန်းမြို့နယ်ရှိ ရန်မျိုးအောင်စေတီ တည်ဆောက်ရေး နှင့် ထီးတော် တင်လှူရေးတွင် ဝန်ကြီးချုပ်ဦးဗဆွေ နှင့်အတူ ပါဝင် ဦးဆောင်ခဲ့သည်။



မိသားစု
မြို့ မ-ဦးသန်းကြွယ် သည် အသက် ၅၉ နှစ် ၁၉၈၃ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့  ၌ ကွယ်လွန်ခဲ့သည်။ ဇနီး ဒေါ်မြင့်မြင့်ဝင်း (ခေါ်) ဒေါ်အမာ နှင့် သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်။ သားသမီးများမှာ ဒေါ်ခင်မာကြွယ်၊ ဦးဌေးကြွယ်၊ ဒေါ်မြမြသန်း၊ ဦး မြင့်ကြွယ် ( မြို့ မ မြင့်ကြွယ် ) တို့ ဖြစ်ကြသည်။ 

 ဇနီး ဒေါ်မြင့်မြင့်ဝင်း (ခေါ်) ဒေါ်အမာ သည် အသက် ၈၁ နှစ် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့  ၌ ကွယ်လွန်ခဲ့သည်။ မြို့ မ-ဦးသန်းကြွယ် နှင့် ဇနီး ဒေါ်မြင့်မြင့်ဝင်း (ခေါ်) ဒေါ်အမာ တို့၏ ကွယ်လွန်ခဲ့သော ရက်၊ လ တို့သည် စက်တင်ဘာ ၂၂ ရက် တိုက်တိုက်ဆိုင်ဆိုင် အတူတူ ဖြစ်နေသည်။

ကိုးကား
*အငြိမ်းစား သံအမတ်ကြီး ဦးသက်ထွန်း၏ ကိုယ်တွေ့ပြောပြချက်များ
*နိုင်ငံတော်မှတ်တမ်း
*၁၉၉၅ ခုနှစ်မြို့ မကျောင်း စိန်ရတု အထိမ်းအမှတ်စာအုပ်
*၁၉၈၀ မေမြို့ ချစ်ဆွေ ရေးသား ပြုစုခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း
*၁၉၇၂ ခုနှစ်ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသော ပင်လုံညီလာခံ သမိုင်းစဉ်စာမျက်နှာ ၁၃၈
*၁၉၉၅ ခုနှစ်ရန်ကုန်တက္ကသိုလ် စိန်ရတု အထိမ်းအမှတ်စာအုပ်
*
၁၉၉၅ဇူလိုင်လ စာပေဂျာနယ်၊ အတွဲ၂၊ အမှတ် ၁၁၊ ဆရာမ *ခင်နှင်းဦး ရေးသား ပြုစုခဲ့သော ပထမဦးဆုံး အာဇာနည်နေ့ အခမ်းအနား
*
၂၀ဝ၅ မြို့ မ-မြင့်ကြွယ် ရေးသားသော မြန်မာ့ယဉ်ကျေးမှု အထူးမှတ်သားဖွယ်နှင့် လူငယ်ရေးရာ မှတ်စုများ စာအုပ်
*https://www.facebook.com/notes/kyaw-naing/%E1%80%95%E1%80%84%E1%80%B9%E1%80%9C%E1%80%B6%E1%80%AF%E1%80%87%E1%80%AC%E1%80%90%E1%80%B9%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%9C%E1%80%B7%E1%80%9C%E1%80%AC%E1%80%B1%E1%80%9E%E1%80%AC%E1%80%B9/603280379685955
(သန်းဝင်းလှိုင် ဇန်န၀ါရီ ၂၇၊ ၂၀၁၃)
http://wpedia.goo.ne.jp/enwiki/History_of_Burma
http://pediaview.com/openpedia/History_of_Burma
http://www.carrot.dreab.com/p-Burmese_history
http://wpedia.goo.ne.jp/enwiki/Aung_San
http://www.ask.com/wiki/Myoma_Myint_Kywe
http://burmamonitor.blogspot.com/2010/12/book-review-making-enemies-war-and.html
http://lists.lucywho.com/burmese-celebrities-c19256562/m.html
http://lifesun.info/what-is-myanmar/
http://loitaileng.blogspot.com/
http://factsanddetails.com/southeast-asia/Myanmar/sub5_5e/entry-3081.html
http://worldcities4u.blogspot.com/2013/08/burma-myanmar-country-which-knows-no.html
http://lists.lucywho.com/burmese-celebrities-c19256562/m.html
http://lifesun.info/what-is-myanmar/
http://loitaileng.blogspot.com/
http://factsanddetails.com/southeast-asia/Myanmar/sub5_5e/entry-3081.html
http://worldcities4u.blogspot.com/2013/08/burma-myanmar-country-which-knows-no.html
http://moemaka.com/archives/31609 ( ပင်လုံဇာတ်ကြောင်း ပြန်ပြောင်းလေ့လာသော် အပိုင်း (၁) January 27, 2013 သန်းဝင်းလှိုင် ဇန်န၀ါရီ ၂၇၊ ၂၀၁၃ )
http://ekladata.com/NYJfTJ2al2HDYBL-2DZ1zhUEp5A/EXTRACTED-FROM-WIKIPEDIA.pdf
http://www.shwemyanmar.info/holiday.php
http://nyanglish.com/myoma
http://cdn.worldheritage.org/articles/Pe_Khin
http://edwardbetts.com/find_link/myoma
http://www.letsrun.com/forum/flat_read.php?thread=4623761&page=5
http://webot.org/?search=Myoma_Myint_Kywe
http://www.tutorgig.net/t/myoma
http://votfriends.blogspot.com/2013/03/aung-san-from-wikipedia-free.html
https://www.myanmarluxuryvacations.com/History_of_Myanmar.php
http://www.wordvia.com/dictionary/Hmu%20Aung
http://www.vipfaq.com/Myoma%20U%20Than%20Kywe.html
http://www.alibris.com/Burma-The-Struggle-for-Independence-1944-48-From-General-Strike-to-Independence-August-31-1946-to-January-4-1948-v-2-Documents-from-Official-and-Private-Sources/book/14701066
http://www.oxforddnb.com/templates/article.jsp?articleid=94669&back=
http://books.google.com.au/books?id=5uHpObKexNwC&pg=PT188&lpg=PT188&dq=Major+General+Sir+Hubert+Rance+1946+strike+rangoon&source=bl&ots=agdjDLl_4G&sig=5ZXtK3NGz5v12z2A4O_DtY1uAzU&hl=en&sa=X&ei=Nyu3U--JDYG3uATamIDgAQ&ved=0CC8Q6AEwAw#v=onepage&q=Major%20General%20Sir%20Hubert%20Rance%201946%20strike%20rangoon&f=false
http://hlaoo1980.blogspot.com/2010/11/burma-in-limbo-part-3.html 
http://evsujriel.wordpress.com/2012/07/19/burmese-martyrs-day/
http://shwemyanmar.info/holiday.php